Skip to main content

ကွန်မင့်ရေးမရခြင်း ဖရင်းမဖြစ်ခြင်း မှန်အောင်ရေးထားတာကို အမှန်အတိုင်းဖတ်မရခြင်း

ခဏခဏတင်ပြထားပါတယ်။ ကျွန်တော်က နည်းပညာ မတတ်ပါ။ သင်ယူချိန်လည်း မရှိပါ။ မူရင်းကိုလည်း လိုသလို မပြင်တတ်ပါ။ 

မူရင်းကချို့ယွင်းနေရင် ကျွန်တော့ကိုသာ အပြစ်တင်ကြတယ်။ 

ဖေါင့်တွေ ကီးဘုတ်တွေ အဆင်မပြေလည်း ကျွန်တော်ညံ့၏တဲ့။

ဖေ့စ်ဘွတ်မှာသာ အဲလိုဖြစ်ပါတယ်။ ဘလော့မှာ အခက်အခဲ မရှိပါ။

ဘလော့နဲ့ တယ်လီဂရမ်ကိုတော့ မေးတာတွေကို ဖြေချိန်မရှိလို့ မဖတ်ပါ။

'အော်တို' ဆိုတာတွေကလည်း ဂွကျတယ်။ အလိုလို မှားအောင်ပြင်ပေးနေတယ်။ မြန်မာလိုပြန်ထုတ်တဲ့ စာအုပ်တွေအတိုင်းဘဲ။ မူရင်းစာမှာ တဝမ်းပူလို့ ရေးထာတရင် 'တ' 'ရီပလေ့စ် အော်လ်' 'တစ်'။

နည်းပညာ မစွန်သမျှ နည်းပညာကို အသုံးပြုသူတွေ ခံပေရော့။

မြန်မာပြည်က နည်းပညာဆရာကြီးတွေ အများစုက ရိုင်းစိုင်းတယ်။ 

'ယူနီကုဒ်' 'ပြည်ထောင်စုကုဒ်' ပေါ်တော့ မသုံးသေးသူတွေကို ခပ်ရိုင်းရိုင်းတွေရေးကြတယ်။ 

'ဖက်ဒရယ်ကုဒ်' ဖြစ်လာရင် ပိုဆိုးမယ်။ 

'ကွန်ဖက်ဒရေးရှင်းကုဒ်' ကိုတော့ လူတိုင်းကို သုံးခွင့်ပြုမှာမဟုတ်။

တချို့ကတော့ ယဉ်ကျေးကြပါတယ်။ ယဉ်ကျေးသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments