Skip to main content

ဗူးတလုံးဆောင်

ဗူးတလုံးဆောင် = ဗူးသီးတလုံးဆောင်

- လုပ်​ဘူးလား လုပ်​ဖူးလား ဖူး နဲ့ ဘူး ကို​တော့ ဆရာ​ရေးလို့ ဖတ်​ရပါတယ်​၊ ဝါး တား တား၊ ချစ်​ဖူးတယ်​ အို.. မလွယ်​ဘူး ရူးနိုင်​တယ်​။

- အခုသတ်ပုံစာအုပ်မှာ ဘူးရွက်တဲ့။ ကျွန်တော်တို့ငယ်ငယ်က ဗူးရွက်လို့ ရေးတယ်။ ရေဗူးလို့ ရေးတယ်။ 

- ဗူးသီး မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၈၊ စာမျက်နှာ ၁၃။

- ဘဦး ရေကူးနေသည်။ ဗူးသီးနုနု မခူးရ။ ငါ၏ဒူးနာ၏။ (သူငယ်တန်းဖတ်စာ)

- ကလေးဗူးမှုတ်တာကလွဲရင် ဘူးတဲ့။ သွက်သွက်ခါအောင် မှားတယ်။

ဗူး

ချက်ပြုတ်စားသောက်ရသည့် အသားပြည့်သော အများအားဖြင့် လည်တိုင်ခေါင်းရှိသော အသီးကြီးများ သီးသည့် နွယ်ပင်တမျိုး။

ထည့်သိုရန် အသုံးပြုရသော ဗူးသီးခြောက်အခွံ။ စုဗူး။ ဆေးဗူး။ ပေါင်ဒါဗူး။ မီးခြစ်ဗူး။

၁။ ဗူးပင် ဆေးတဘူး မှန်ပါသလားဆရာခင်ဗျာ

၂။ ဗူးဘုရား ဘုရားဖူးဘူးတာကိုပြောရင်း ဗူး၊ ဖူး၊ ဘူး ဆိုတဲ့ ဆင်တူရိုးမှား စာလုံးတွေကို အထားအသို မမှားစေပဲ သူ့နေရာနဲ့သူ သုံးနှုန်းပုံကို ပညာသားပါပါ ရေးပြသွားတာ တကယ်လေးစားမိပါတယ်ဆရာ။ ဒါကိုပဲ Comment တွေမှာ ဗူး ဘူး ဖူး မှားသုံးနေတာကို တွေ့မိတော့ အတော် အံ့သြမိတယ်။

၃။ ဆရာခင်ဗျာ။ ဘူးသီး၊ ဗူးသီး၊ နှာဘူး၊ နှာဗူး၊ မည်သည်က အမှန် ကျေးဇူးပြု၍ အများသိရန် ဖော်ပြပေးပါခင်ဗျား။

၄။ ဆရာ နို့ဆီဗူးလား နို့ဆီဘူးလားသိပါရစေရှင့်။

၅။ အတွေ့အကြုံဆိုဖူးလို့ မှတ်ထားတာ ဘူးက အငြင်းဝါကျမှာသုံးတာလို့ မှတ်ထားတာ

၆။ ဆရာရေးတဲ့ ဝန်ကြီးဆိုပြီး အကြာကြီးခေါ်ခံရဘူးတယ်။ အဲဒီ့မှာ ဖူးသုံးရမှာလား၊ ဘူးသုံးတာက အမှန်လား။

၇။ ဘူးလား ဖူးလားဗျ ဆရာ စားဖူးသလား စားဖူးတယ် မစားဖူးဘူး စားမလား မစားဘူး သုံးဖူးသလား သုံးဖူးတယ် မသုံးဖူးဘူး သုံးမလား မသုံးဘူး ရောက်ဖူးသလား ရောက်ဖူးတယ် မရောက်ဖူးဘူး

၈။ မမြင်ဖူးကြရှာ လား  မမြင်ဘူးကြရှာ လား ဆရာ

၉။ မသိတာလေး မေးချင်လို့ပါ မရောက် ဖူး ဘူး ရောက် ဖူး ချင်တယ် အဲလိုရေးတာ မှန်ပါသလားဆရာ လေးစားလျှက်ပါ

၁၀။ ဆရာခင်ဗျာ ဒုတိယတန်းသင်္ချာထဲမှ နို့ဆီဘူး သတ်ပုံ ခွဲခြားပေးပါခဗျား။

ပို့ပေးတဲ့ ဒုတိယတန်းသချင်္ာထဲမှာ နို့ဆီဗူးရေးလိုက်၊ နို့ဆီဘူးရေးလိုက် တွေ့ရတယ်။ နို့ဆီဗူးက မှန်မယ်ထင်ပါတယ်။ မကြာမကြာပြောလာကြတယ်။ အငြင်းသဘောမှာသာ ဘူးသုံးရပါတယ်တဲ့။ မြန်မာစာမှာ ဖေါ်မြူလာလုပ်တာတွေကို ဆန်းစစ်ကြည့်တော့ အားနည်းချက်တွေတွေ့မိပါတယ်။ ရေတွက်လို့ရတာကို တစ်ဆိုတာ အကုန်မမှန်ပါ။ ဂဏန်းကိုသာ တစ်ရတယ်။ မ နောက်က ဘဲ လိုက်လည်း နေရာတိုင်းမှာ မမှန်ပါ။ ငြင်းဆိုတာကို ဘူးလည်း အပြည့်အစုံ မမှန်ပါ။ ဥပမာ ကြားဘူးနားဝ အငြင်းမဟုတ်ပါ။ ဘုရားဖူးဘူးသည် အငြင်းမဟုတ်ပါ။

ဘူး

နဘူးနွယ်ပင်

ကြားဘူးနားဝ (အငြင်း မဟုတ်)

ဘုရားဖူးဘူးသည် (အငြင်း မဟုတ်)

ဘူးကွယ်သည်

ဘူးခံ (နောက်သတ်ပုံ)

ဘူးပင် (နောက်သတ်ပုံ)၊ ဗူးပင် (ယခင်သတ်ပုံ)

ဘူးလုံးနားမထွင်း (နောက်သတ်ပုံ)

ဘူးလည်သီးခတ်ချည် (နောက်သတ်ပုံ)

ဘူးသပိတ်ပင် (နောက်သတ်ပုံ)

မကြားဘူး

မဖြစ်ဖူးဘူး (နောက်သတ်ပုံ)

မမြင်ဘူး

မလိုက်ဘူး (နောက်သတ်ပုံ)

မရောက်ဘူး

ဆေးဘူး (နောက်သတ်ပုံ)၊ ဆေးဗူး (ယခင်သတ်ပုံ)

ထောင်ဘူးဝ (နောက်သတ်ပုံ)

ဗူး

ခံဗူးကုထုံး

ခံဗူးရွာ

ဗူးခါးရေ

ဗူးဆို့

ဗူးတလုံးဆောင် (ဗူးသီးတလုံးဆောင်) အိုတောင်မဆင်းရဲ

ဗူးပင်၊

ဗူးဘုရား

ဗူးမှုတ်

ဗူးလုံးနားမထွင်း

ဗူးသွင်းသည်

ဗူးသီး

ဗူးတောင်း

ဗူးလေးရာ ဖရုံဆင့်

ဆေးဗူး (ယခင်သတ်ပုံ)

ရေဗူး

ဗူးသီးနုနု ​မခူးရ

ဗူးဘုရား 

ဖူး

ကမ်းနဖူး

စိတ်ဖူး

ဆတ်သွားဖူး

ထိပ်ဖူး

နဖူး

ဖူးငုံ

ဖူးစာ

ဖူးဖူးမှုတ်သည်

ဖူးမြင်သည်

ဖူးတွေ့သည်

ဖူးမြော်သည်

ဖူးရောင်သည်

ဖူးရွှေလက်တင်

ဘုရားဖူး

ပြောင်းဖူး

မဟာစည်ဆရာတော်ရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ထို့ကြောင့် မြင်ဘူး ကြားဘူး နံဘူး စားဘူး တွေ့ထိဘူး ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျက် နိစ္စ သုခ အတ္တဟု ထင်မြင် စွဲလမ်းမှုသည် ဖြစ်ပေါ်၏။

ဗူးဘုရားကို ပျူစောထီး (ပြူမင်းထီး) တည်ခဲ့တယ်။ ဦးကုလား မဟာရာဇဝင်ကြီး ပဌမတွဲ စာမျက်နှာ ၁၄၃ မှာ (အချို့သောရာဇဝင်များမှာ ဗူးပင်များလည်း မင်းပြုသည်ဟူ၏) လို့ ရေးထားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ