ကွန်မင့်တခု = ရဖူးတယ် လို့ရေးရမှာပါဆရာ
ဘူးလို့ ရေးတိုင်းလိုလိုမှာ ဖူး ဆိုပြီးလာလေ့ရှိတယ်။ ကလေးဗူးမှုတ်တာကလွဲရင် ဘူးဆိုသူတွေလည်း လာသေးတယ်။ ဘူး ဖူး ဗူး အသုံးတွေကို ပုံသေနည်းနဲ့ သင်နေကြတာ မမှန်ပါ။ စာတွေ မှားများဖတ်သင့်ကြတယ်။ ဖတ်တဲ့စာကလည်း မှန်မှသူ အမှန်ကိုသိနိုင်တယ်။ မြန်မာစာကို ဓါတုဗေဒ ဓါတ်ခွဲခန်းမှာ အဖြေရှာလို့မရပါ။
• ချစ်ဖူးတယ် အို မလွယ်ဘူး ရူးနိုင်တယ်
• ခံစားဘူးမှမင်းသိမယ်
• ဒဏ်ရာရဘူးသူသာ သိလိမ့်မယ်
မဟာစည်ဆရာတော်ရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ထို့ကြောင့် မြင်ဘူး ကြားဘူး နံဘူး စားဘူး တွေ့ထိဘူး ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ သုခ အတ္တဟု ထင်မြင် စွဲလမ်းမှုသည် ဖြစ်ပေါ်၏။
စစ်ကိုင်းတောင်
ရောက်ကြ"ဘူး"သလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှံ ရှုစမ်းဖြာထွေ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာပေ ဗုဒ္ဓဘာသာ မြန်မာတတွေ အတာကူးတဲ့ နှစ်ဦး ဂိမှာန်နွေ
တနှစ်ကူးလို့ တနှစ်ကျူးပြန်တော့
အသစ်အ"ဖူး" ဖြစ်ရပြန်ချေ
တောတောင်ရေမြေ ကုန်းနေရေနေ
သက်ရှိသက်မဲ့ သတ္တဝါတွေ
လောကဓာတ်ကြီးတခုလုံး သစ်လို့မို့
ဒီနှစ်တွင်လည်း ချစ်ချစ်ခင်ခင် ချစ်ချစ်ခင်ခင် ရွှင်ရွှင် ပျော်ပျော်နေ
စစ်ကိုင်းတောင် https://burmese-spelling.blogspot.com/2022/11/blog-post_70.html
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment