Skip to main content

သတ်ပုံအနိစ္စ စကားပုံအနိစ္စ

ကွန်မင့်တခု = ဧ၊ ဂျွန်၊ စက်၊ နို သုံးဆယ်ဆို၊ ကျန်သောလ၊ သုံးဆယ့်တစ်၊ ဖေဖော်ဝါရီ၊ နှစ်ဆယ့်ရှစ်၊ ရက်ထပ်နှစ်မှာ၊ တစ်ရက်တိုး၊ ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး။
ဧ၊ ဂျွန်၊ စက်၊ နို သုံးဆယ်ဆို၊ ဖေကို ၂၈။ ကျန်သောလမှာ ၃၁။ ဖေဖော်ဝါရီ ၂၈၊ ရက်ထပ်နှစ်မှာ တရက်တိုး၊ ဖေဖော်ဝါရီ ၂၉။ အဲဒီအချိန်ကာလမှာ တဝမ်းပူတွေကို မှန်အောင်ရေးပါတယ်။
ရက် ၃၀ မှာ စက်တင်ဘာ၊ ဧပြီ ဇွန် နှင့် နိုင်ဝင်ဘာ ကျန်သောလမှာ ၃၁၊ ဖေဖော်ဝါရီ ၂၈၊ ရက်ထပ်နှစ်မှာ တရက်တိုး ဖေဖော်ဝါရီ ၂၉။
အဲလို ကာရန်တွေနဲ့ မှတ်မိအောင်စာသင်တာတွေ မနည်းလှပါ။ တချို့ကို အခုတော့ မေ့ကုန်ပြီ။ 
လောင်း၊ နောင်၊ ဆင်၊ စဉ့်၊ မောင်၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်း၊ သီ ကုန်းဘောင်မင်းဆက် ၁၁ ဆက်။
မင်းဖြူမှန်မှန်ပြော မင်းကွန်းခေါင်းလောင်း ကြေးပိဿာချိန်
ရွှေလသာ ဝါဝါဝင်း ဖိုးဝင်း (ဖိုလ်ဝင်) ဘုရားပေါင်း
လှည်းဝံရိုးသံ တညံညံ ပုဂံဘုရားပေါင်း။
အုတ်ကျစ်ကျော်အေး မန္တလေး
အောင်ကျော်ချမ်းအေး မန္တလေး
ဥသြအော်မည် ကုန်းဘောင်တည်။
ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်။
ယ္ခုအခါ ပုဂံကလှည်းတွေ တညံညံ မဟုတ်တော့၊ အသံပြောင်းကုန်ကြပေပြီ။ တနေ့တလံ ပုဂံဘယ်ပြေးကို စသတ်နဲ့ရေးနေကြတာ ရွှေဗမာတဲ့။
သတ်ပုံအနိစ္စ၊ စကားပုံအနိစ္စ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ