Skip to main content

ကနဲ ချက်ချင်း


ဆရာရှင့်

၁။ အုန်းကနဲ  နဲ့ အုန်းခနဲ  

၂။ ချက်ချင်း ‌ နဲ့ ချက်ခြင်း စာလုံးပေါင်းအမှန်လေး သိချင် လို့ပါ ဆရာရှင့်

ကနဲ

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈)

ကနဲ = ရုတ်ခြည်းဖြစ်ပျက်ခြင်းကို ညွှန်ပြသော စကားလုံး။ ဝါးကနဲ ရယ်ကြသည်။

မေမေ့အပြုံး

တလိမ်နှစ်လိမ် မုံ့ကြိုးလိမ်

မိုးကောင်းကင်က တိမ်။

မိုးတိမ်ကြားက ဖိုးလမင်း

သာပါ့ ချက်ချင်း ခုချက်ချင်း။

တချုံနှစ်ချုံ ကလိမ်ချုံ

မြရွက် စပယ်ရုံ။

မြစပယ်ကြားက စပယ်မင်း

မွှေးပါ့ ချက်ချင်း ခုချက်ချင်း။

တခိုင်နှစ်ခိုင် အပြိုင်ပြိုင်

မေ့သား ရွှေပန်းခိုင်။

ပန်းခိုင်ကြားက မွေးမိမင်း

ပြုံးပါ ချက်ချင်း ခုချက်ချင်း။ (တင်မိုး)

ဒေါက်တာတင့်ဆွေ

Comments