Skip to main content

ဖေဖော်ဝါရီ(၂၉)ရက်နေ့၏ ထူးခြားချက်

ပုံထဲကစာရော အောက်ပါအချက်အလက်တွေကိုပါ ကျွန်တော် မရေးပါ။ ကူးယူတင်ပြတာသာ ဖြစ်ပါတယ်။ (သီ တာ စိုး) ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။

မိန်းကလေးတယောက်က မိမိချစ်ခင်နှစ်သက်နေတဲ့ ယောက်ျားလေးတယောက်ကို လေးနှစ်မှာတခါသာရှိတဲ့ ရက်ထပ်နှစ်ဖြစ်သော ဖေဖော်ဝါရီ(၂၉ )ရက်နေ့မှာ ချစ်ခွင့်၊ လက်ထပ်ခွင့်ကို တောင်းဆိုနိုင်ပါတယ်။

ဒီရက်ကို သတ်မှတ်ရခြင်းကတော့ လွန်ခဲ့သော(၅)ရာစုနှစ်လောက်က အိုင်ယာလန်နိုင်ငံရှိ St Bridget အမည်ရှိသောသီလရှင်က “ တချို့သောမိန်းကလေးများက သူတို့ချစ်တဲ့သူတွေ၊ချစ်ရေးဆိုမယ့်သူတွေ ချစ်ခွင့်၊ လက်ထပ်ခွင့်တောင်းမယ့်အချိန်ကို အချိန်အကြာကြီးစောင့်ဆိုင်းရတယ် ” ဆိုတာနဲ့ပတ်သက်လို့ တောင်းဆိုရာမှာ ထို အိုင်ယာလန်နိုင်ငံရှိဘုရင်ဖြစ်သူက လေးနှစ်မှာသာ တကြိမ်ကျရောက်သော ထိုနေ့တွင် မိန်းကလေးများက ကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းဆိုနိုင်တယ်လို့ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ 

လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ ထိုခေတ်က အမျိူးသမီးများဟာ ဒူးကျပ်ဘောင်းဘီအပွ (သို့) ကြက်သွေးရောင်ကုတ်အကျီကို ၀တ်ဆင်လေ့ရှိတယ်လို့သိရပါတယ် ။ ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ