Skip to main content

မန္တလေးလို့ စာရေး ပျင်းကြသူများသို့

- အရမ်းကောင်းတဲ့ မန်းပေါင်း (မန္တလေးထမင်းပေါင်း)

- မန်းပေါင်းဆို တော်သေး။ မန်းလေးပေါင်းဆိုရင်တော့ ဆားငန်ပြီ။ 

- မန်းပေါ့ပေါင်းဆိုရင် ဆားပေါ့ပြီ။

- ပေါ့ ရှေ့ကတော့ အ မထည့်နဲ့နော်။

မန္တလေးမြို့ စတင်တည်ကာစအချိန်တွင် မန္တလေးအရပ်ကို ထီးပေါင်းကားဟု ခေါ်ဆိုနေကြသည်။ မြို့တော်၏ တရားဝင်အမည်မှာ ရတနာပုံဖြစ်သည်။ ဘုရင်ခေတ်က မန္တလေးအား ရွှေမြို့တော်၊ ရတနာပုံရွှေမြို့တော် စသည်ဖြင့် သုံးခဲ့ကြသည်။ မန္တလေးဟု ခေါ်ဆိုခြင်းနှင့် ပက်သက်၍(ပတ်သက်၍) တိကျသော အထောက်အထား မတွေ့ရပေ။ ပညာရှင်များကမူ အမျိုးမျိုးဆိုခဲ့ကြသည်။

အချို့က မန္တလေးတောင်အား အစွဲပြု၍ တောင်ခြေရှိမြို့အား မန္တလေးဟုခေါ်ကြောင်း ဆိုကြသည်။ မန္တလေးဆိုသည့် စကားလုံးမှာ မဏ္ဍလဟူသော စကားမှ ဆင်းသက်လာကာ ညီညာပြန့်ပြူးသောလွင်ပြင်ဟု အဓိပ္ပာယ်ရသည်။ မဏ္ဍလဟူသော စကားသည် ခေတ်ကာလ ကြာလာသောအခါ မဏ္ဍလေး၊ မန္တလေး စသည်ဖြင့် ပြောင်းလာခဲ့သည်ဟု ဆိုကြသည်။ အချို့က မဏ္ဍလဟူသော ပတ်ဝန်းကျင်တွင် တောင်ကိုးလုံးခြံရံလျက်ရှိသည့်တောင်ဖြစ်သဖြင့် မဏ္ဍလတောင်ဟုခေါ်တွင်ခဲ့ကြောင်း ဆိုကြသည်။ မဏ္ဍလေးဖုရားသခင်ဟူသော အရေးအသားကို (၁၅)ရာစုက ရေးထိုးခဲ့သော အင်းဝခေတ်ကျောက်စာတွင် တွေ့ရှိရသေးသည်။

ဝီကီပီးဒီးယားမှာ ပတ်သက်၍ကို ပက်သက်၍လို့ မှားရေးထားတယ်။

Mandalay City Development Committee မှာ ဒသမ ကို ဒဿမ လို့ မှားရေးထားတယ်။

မန္တလေးမြို့ကို ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် ဒဿမ(ဒသမ)မြောက်ဖြစ်သော မြန်မာဘုရင် မင်းတုန်းမင်း မှ ရဟန်းရှင်လူအများ ကန့်ကွက် သည့် ကြားမှ စ တင်တည်ထောင်ခဲ့သည်။ 

မြန်မာစာလည်း ထီးကျိုးစည်ပေါက် ဖြစ်နေပြီ။

ဒေါက်တာတင့်ဆွေ

Comments