သစ်ပင်ပေါ်က တေးသံစုံ
ပါးနီလေးနှင့် ဗွတ်ကလုံ။
ဟိုခုန်သည်ခုန် သစ်ခက်ကြား
ကောင်းနိုးရာရာ သူရှာစား။
တို့အိမ်နားက ခြံထဲမှာ
သူ့အသိုက်ကို တွေ့ ရပါ။
အသိုက်ထဲမှာ စုတရုံး
ပန်းရောင်နီပြောက် ဥလေးလုံး။
ဥလေးလုံးက ပေါက်သောခါ
သူတို့ တေးသံ ကြားရမှာ။
ပေါက်ပါ ကြီးပါ ငှက်ငယ်များ
ငါတို့တတွေ မျှော်စောင့်စား။ ။ (မင်းသုဝဏ်)
(၆-၁၀-၁၉၉၃)
ဗွတ်ကလုံ = Burmese Red-whiskered Bulbul
ဒေါက်တာတင့်ဆွေ
Comments
Post a Comment