ဆရာ မဂ်လာပါ စဥ့်ကူးမြို့နယ်ရောက်နေတာလားဆရာ။
ဘာ့ကြောင့် အဲလိုထင်ရတာပါလဲ။
မကွေ့တရာ ရွာ ဆိုတာပါနေလို့ပါဆရာ။
ပုံက ၂၀၁၈ ခုနှစ်အလည်ပြန်စဉ်က မန္တလေးဆေးရုံကြီးအမိုးပေါ်မှာ ရိုက်ထားတာ။
မကွေ့တရာရွာ ဆိုတာက တင်ထားတဲ့ပို့စ်ထဲက တရာကို မှန်အောင်ရေးတတ်သူကို ချီးမွမ်းတာ။
ဟုတ်။ စဥ့်ကူးမြို့နယ် ယကန်းစင်တောင်အတက်လမ်းမှာ မကွေ့တရာဆိုတဲ့ရွာလေးရှိလို့ ဆရာရောက်နေတယ် ထင်လို့ မကွေ့တရာရွာက ကျန်တော်ဇာတိရွာလေးမို့ အိမ်လည်ဖိတ်ချင်လို့မေးလိုက်တာပါဆရာ။ ဆရာ အကြောင်းက ကျန်တော်တို့ ငယ်ငယ်လေးတည်းက ကျန်တော်အဘိုးပြောပြောပြလို့ကြားဘူးပါတယ်။ ဆရာကို လေးစားလို့ ဇာတိရွာနားရောက်နေတယ်ထင်ပြီး ဖိတ်လိုက်တာပါဆရာ။
ကျေးဇူး။ အခုဘဲ ရောက်သွားရသလို ခံစားမိပါတယ်။ နေကောင်းကြပါစေ။
ဟုတ်ဆရာ ကျန်တော် အဘိုးက ဦးအုန်းငွေ (၁၉၉၀ နတ်တလင်း) ပါဆရာ
မကွေ့တရာနဲ့ နတ်တလင်းအမည်တွေ သတ်ပုံပြင် မခံကြရပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment