ဥပဓိရုပ် ကြည်ကြည်လင်လင်ရှိတဲ့ သီလရှင်ဆရာလေးတဦးပုံကို ခဏခဏတွေ့ရတယ်။ တွဲတင်တဲ့စာတွေကတော့ ပုံတခု စာတမျိုး။
အပေါ်မှာ ရေးချင်ရာရေးပြီး အောက်မှာ ပါချုပ်ဆရာတော်ကြီးဘွဲ့အမည်နဲ့လည်း ခဏခဏတွေ့ရတယ်။
ပါဠိနဲ့ မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေကတော့ မမှန်။
ဘယ်လိုဖြစ်ဖြစ် ရှယ်သူတွေများတယ်။
အတုမြင် အတတ်သင်ကြတာ။
လယ်တီဆရာတော်ကြီးဘွဲ့အမည်နဲ့ ကျမ်းစာအုပ်တွေပြန်ထုတ်တော့လည်း စာလုံးပေါင်းသတ်ပုံတွေကတော့ မမှန်။
ဘယ်လိုဖြစ်ဖြစ် ရောင်းကောင်းတယ်။ သာဓုတွေကလည်း ခေါ်ကြသေးတာ။
ပုံကို ဂူဂယ်လ်ကနေသာ ယူလိုက်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment