Skip to main content

တကိုယ်လုံးပင်ချော အလှပိုတယ်

သင်္ကြန်ကတော့ ပြီးပါပြီ။ 'တကိုယ်လုံး' ကို စသတ်နဲပရေးတာတခု တွေ့လို့ တင်ပြပါတယ်။

မန်းတောင်ရိပ်ခို

ချိုပြုံးရွှင်သော နှမပျိုသည် တကိုယ်လုံးပင်ချော အလှပိုတယ် မြို့မနဲ့ တမိတည်းဖွားလို ဆိုတော့မယ်ကွယ်။ 

အမောက်ကလေး တသသနဲ့ မြှောက်လို့ပေးတာ မဟုတ်ဘူးကွယ်

အမောက်ကလေး တသသနဲ့ မြှောက်လို့ပေးတာ မဟုတ်ဘူးကွယ်

ယဉ်စစနဲ့ မြင်လိုက်ရတာ အဝတ်အစားမှာလေ အလွန်တင့်တယ်

ယဉ်စစနဲ့ မြင်လိုက်ရတာ အဝတ်အစားမှာလေ အလွန်တင့်တယ်

ထွန်းသစ်စ လရောင်ခြယ် ခိုင်ညှာတန် ပွင့်လန်း ပန်းလိုနှယ်

ထွန်းသစ်စ လရောင်ခြယ် ခိုင်ညှာတန် ပွင့်လန်း ပန်းလိုနှယ်

ရိုးရိုးသားသားမို့ ကျုပ်တို့ မြို့မက ကျေနပ်တယ်။

မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတယ် ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ်

မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတယ် ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ်

ပျော်ခင်းလေး သာပါဘိတယ် နိမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်။

ခါးသေးနွဲ့မူယာကြွယ် အလှဂုဏ် မြင့်ဖွယ်

မာလာနွယ် ခိုင်ညှာရယ် တယောက်ဆိုတယောက်လို့ အောက်မေ့တယ်

ခင့်မြို့မ လာပြီကွယ် ဆီးကြိုလို့ရယ် မောင်နှမအရင်းနှယ် ခင်မင်ချစ်သွေးကြွမိတယ်။

ခါးသေးနွဲ့မူယာကြွယ် အလှဂုဏ် မြင့်ဖွယ်

မာလာနွယ် ခိုင်ညှာရယ် တယောက်ဆိုတယောက်လို့ အောက်မေ့တယ်

ခင့်မြို့မ လာပြီကွယ် ဆီးကြိုလို့ရယ် မောင်နှမအရင်းနှယ် ခင်မင်ချစ်သွေးကြွမိတယ်။

ဇာတိမျက်ခြယ် ကျန်းမာပါစ သက်လှယ်

အော် လောင်းပါလေကွယ် ဟင် ပက်လိုက်တော့မယ်

ဇာတိမျက်ခြယ် ကျန်းမာပါစ သက်လှယ်

အော် လောင်းပါလေကွယ် ဟင် ပက်လိုက်တော့မယ်

နှစ်ကူးတော့မယ် ခင်ခင်ရယ် လိုက်ခဲ့ပါလား အပျင်းတော့ပြေမယ်

မောင်တို့ လာချေပေါ့ကွယ် ကညာမေချောရဲ့ ငွေငန်း ထွက်ကာလည်။

မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတယ် ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ်

မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတယ် ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ်

ပျော်ခင်းလေး သာပါဘိတယ် နိမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်။ (မြို့မငြိမ်း)

အခုသတ်ပုံပျက်ခေတ်မှာ 

- တကိုယ်လုံးပင်ချော 

- တကိုယ်လုံးပင်ချော 

- တမိတည်းဖွား

- အမောက်ကလေး တသသနဲ့

- တယောက်ဆိုတယောက်လို့ အောက်မေ့တယ်

တွေထဲက တဝမ်းပူတွေကို စသတ်နဲ့ရေးနေကြတယ်။ စသတ်အပိုတွေနဲ့ ရေးထားတဲ့ သီချင်းစာသားအတိုင်း ဆိုကြည့်ကြစေချင်ပါတယ်။ သင်္ကြန်မှာ ရေနွေးပွက်ပွက်ဆူနဲ့ ပက်ကြသလိုနေမယ်။

ဒေါက်တာတင့်ဆွေ

Comments