တခြားသူတဦးက တင်ထားတာ။
မနေ့က မိမိကိုယ်တိုင် အပူဒဏ်ခံစားနေရတဲ့အချိန်မှာ Heat stroke ရပီးသတိလစ်လု လူနာတယောက်ရဲ့အသက်ကိုဆေးခန်းမှာကယ်နိုင်ခဲ့ပါတယ်။လူနာအားဝိုင်းဝန်းပြုစု ရေပတ်တိုက်ပေးကြသော Dental surgeon သားနဲ့သမီးကိုလည်း အလွန်ကျေးဇူးတင်မိပါကြောင်း။အမှတ်တရနေ့လေးတနေ့ပါ။ (Kyi Kyi Sein)
စာရေးတာလည်း မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ပြီး တလုံးကိုတော့ ပြင်မယ်။ ဆောရီး။
မနေ့ညကဘဲ ပြီး စာလုံးအကြောင်းထပ်တင်သေးတယ်။
စကားပြောသလိုစာရေးနည်းကနေ နာမည်ကြီးစာရေးဆရာတွေ တချိုု့ကပါ ပြီး ကို ပီး လို့ရေးကြရာကနေ ပြီး စာလုံး ပျောက်သလိုဖြစ်လာတာ။
ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ရုပ်ရှင် ၅ မူးတန်းကကြည့်တဲ့သူ။ ရုပ်ရှင်ပြီးတိုင်းမှာ ပြီးပါပြီ စာတန်းပေါ်မှ ကြမ်းပိုးကိုက်ခံရာကနေ ထပြန်တဲ့သူ။
Heat stroke အပူဒဏ် ဘယ်လိုခံမလဲ https://dr-tint-swe.blogspot.com/2023/04/heat-stroke.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment