Skip to main content

Bad Guys အောက်လမ်းနည်း

မနက်အိပ်ရာထမှာ အလုပ် ၂ မျိုးလုပ်ရတယ်။

၁။ ညကတင်ထားတာတွေအောက်မှာရေးထားတဲ့ ကွန်မင့်တွေကို လိုက်ဖတ်ပြီး

(က) လိုက်

(ခ) ဘလော့ လုပ်ရတယ်။

၂။ ကျန်းမာရေးမေးခွန်းတွေ ဖြေရတယ်။

(က) Acyclovir ဆေး

(ခ) Phantom limb pain မရှိတော့တဲ့ခြေလက်မှာ နာနေခြင်း

Report and Block လုပ်ရတဲ့ အကောင့်အမည်တွေက -

- YOB (ဘလော့ထားပြီးလည်း ပြန်ပေါ်လာသူ)

- မဖတ်ချင်လဲဖတ် (ဘလော့ထားပြီးလည်း ပြန်ပေါ်လာသူ)

- ဂေါက်စာ (ဘလော့ထားပြီးလည်း ပြန်ပေါ်လာသူ)

- ရီ မိဂျူး (ဘလော့ထားပြီးလည်း ပြန်ပေါ်လာသူ)

အဲဒီ အကောင့်အတုတွေက -

(က) မြန်မာစာ ပို့စ်တွေကို တိုက်ခိုက်ကြတယ်။

(ခ) ကျွန်တော့ကိုသာမက မြန်မာစာအမှားတွေကို ထောက်ပြနေတဲ့ ကွန်မင့်ရေးသူတွေကိုပါ တိုက်ခိုက်လာကြတယ်။

မြန်မာစာကို ပညာလိုမစဉ်းစားတတ်ကြလို့ အောက်လမ်းနည်း ပယောဂနည်းတွေကို သုံးလာကြပြီလို့ ကောက်ချက်ချရတော့မယ်။

အောက်လမ်းနည်းတွေဆိုတာ မနာလိုသူတွေ၊ မုန်းတီးသူတွေ၊ မကောင်းကြံ၊ အကောက်ကြံနေသောသူတွေက သုံးကြတဲ့နည်းတွေကို ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments