ကွန်မင့်တခု = မိုးအုန့်၍ ပူအိုက်သည်။ မိုးအုန့် မဟုတ်ပါ။ မိုးအုံ့ ဖြစ်ပါသည်။
ဖတ်စာ ၇
မိုးအုံ့ပြီး ပူအိုက်သည်။
တိုက်အိမ်က လေလုံသည်။
ချွေးတပြိုက်ပြိုက် ကျနေသည်။
ရေတပေါက်လောက် တိုက်စမ်းပါ။
ဖတ်စာ ၃
နေဝင်ရီတရော အချိန်ကျပြီ
လေပြေလေညှင်း လာနေသည်။
ချောင်းရေ တသွင်သွင်စီးနေဧ။်
ကွင်းပြင်တခုလုံး စိမ်းစိမ်းစိုစိုရှိဧ။
ကျွဲနွားများလည်း ရွာသို့ပြန်ကြပြီ။
ရှုခင်း သာယာလှပေစွ။
ဖတ်စာ ၁
ရွာမှာ အဖျားအနာ ထူးထူးထွေထွေမရှိပါ။
ရွာလူကြီးများကလည်း သိတပြုပါသည်။
တခါတခါမှသာ ဖျားသူရှိပါသည်။
သတိထားကြသူ များပါသည်။
ဆေးဝါးများများ မစားကြရပါ။
မှတ်ချက် - မြန်မာစာကောင်းစားတဲ့ခေတ်က သူငယ်တန်းဖတ်စာ စာလုံးပေါင်းသတ်ပုံတွေ မှန်ပါသည်။ ၁၉၇၂ ခုနှစ်က သူငယ်တန်း မြန်မာသင်ပုန်းကြီး ဖတ်စာသစ်။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment