စပယ်၊ စံပယ်၊ စံပါယ် လို့ ရေးကြတာတွေ ရှိတယ်။
သူငယ်တန်းသင်ပုန်းကြီးမှာ စပယ်။ အောင်းလင်းရေးတာ အရိုင်းစပယ်။
စံပယ် နဲ့ စမ္ပယ် တို့က မူကွဲ။
စံပါယ်ကတော့ မမှန်ပါ။
ဖြူစင်သောလှပသော ဘော်ငွေစင်ကဲ့သို့အဆင်းရှိသော မြန်မာဆန်သော မိန်းမလှငယ်လေးတဦးကို မြန်မာဆန်ဆန်နှင့် မြန်မာသံဖွဲ့သီကုံးထားသော အဆိုတော်မောင်မောင်ညွန့်၏ ဓာတ်ပြားတေးတပုဒ်ကို ရွေးထုတ်၍တင်ပြလိုပါသည် အောက်ပြည်ရွာတွင် မိုးရွာသွန်း၍အေးမြသောဥတုနှင့်လိုက်ဖက်ညီလေသော စပယ်ဟုအမည်ရသော တချိန်က ပရိသတ်ကြိုက်ရင်ထဲရောက်သော ဓာတ်ပြားလေးပင်ဖြစ်ပါသည် (ဓာတ်ပြားစက်နှင့်ဓာတ်ပြားသီချင်းချစ်သူများ) ကျေးဇူး။
အခုလိုဓါတ်ပြားသီချင်းတွေက ၂ မျိုးကောင်းတယ်။
၁။ မူရင်းအသံ နားထောင်နိုင်တယ်။
၂။ သီချင်းစာသားမပါတဲ့အတွက် သတ်ပုံပျက်တွေ ကင်းရှင်းတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment