Skip to main content

သိအောင်စာဖတ်ရတယ်

❝လူရာ ဝင်ချင်တယ်။ လူတလုံး သူတလုံး ဖြစ်ချင်တယ်ဆိုရင် စာမဖတ်လို့  ဖြစ်ကိုမဖြစ်ပါဘူး။ 

တခုတော့ ရှိတာပေါ့လေ။ 

စာဖတ်တယ်ဆိုပြီး ပေါက်လွတ်ပဲစား အလေနတော စာတွေကို အချိန်မှကုန်စေတော့ဆိုပြီး လျှောက်ဖတ်နေလို့ကတော့ ဘယ်ဖြစ်မလဲ။

စာကောင်းပေ ကောင်းကတော့ ရွေးဖတ်တတ်ရလိမ့်မယ်။စာကောင်းပေကောင်းတွေထဲမှာ ဝတ္ထုလည်ပါတယ်။ 

ဝတ္ထုတို့၊ ပြဇာတ်တို့၊ ကဗျာတို့ကို ရသစာပေ၊ ဖန်ဆင်းတဲ့ စာပေ၊ စိတ်ကူးစာပေလို့ ခေါ်တယ်။ သုတစာပေကို ဖတ်ရသလို ရသစာပေကိုလည်း ဖတ်ရတယ်။ ရသစာပေကို ဖတ်ပါမှ အသိဉာဏ် ထက်မြက်လာ၊ ဖွံ့ဖြိုးလာတဲ့အပြင် လူအကြောင်း၊ လူ့သဘာဝကိုလည်း သိလာရတယ်။ လူ့စိတ်ဓာတ်ကို လေ့လာချင်ရင် စိတ်ပညာကျမ်းစာအုပ်ကြီးတွေထက် ဝတ္ထုကို ဖတ်တာက ပိုပြည့်ပြည့်စုံစုံ နှိုက်နှိုက်ချွတ်ချွတ် သိစေနိုင်ပါကြောင်း။❞

မောင်သာနိုး (သိအောင်စာဖတ်ရတယ်)

(𝐋𝐮𝐍𝐠𝐚𝐞𝐊𝐡𝐢𝐭𝐛𝐨𝐨𝐤𝐬𝐡𝐨𝐩)

စာကောင်းပေမွန်တွေကို ကူးယူတင်ပြကြတယ်။ ပြန်လည်ထုတ်ဝေကြတယ်။ 

မူရင်းစာအတိုင်း မှားအောင်မပြင်ဘဲ ထုတ်တာရယ်လို့ ရှားတယ်။ 

လွန်ခဲ့တဲ့ နှစ်နှစ်အရင်ကဆို မူရင်းအတိုင်း တင်တာ ထုတ်တာရယ်လို့ မတွေ့သလောက် ရှားပါးတယ်။

အခုစာက မှန်တယ်။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။

မှားအောင်ပြင်ထုတ်တင်ခေတ် ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ