တွေ့ရင်တော့ တင်ပြပါတယ်။
၁။ မြန်မာကဗျာလက်တွေးစင် ဒသမတန်း စာအုပ်ဖုံးမှာ ဒသမတန်းကတော့ မှန်ပါတယ်။
GRADE 11 မှားနေတယ်။
- ဒသမ ကို ၁၁ လိုလို အထင်မှားစေနိုင်တယ်။
- 11th Grade လို့ရေးမှသာ မှန်တယ်။
၂။ သမိုင်း
ဆဋ္ဌမတန်း
Grade -7 မှား နေတယ်။
7th Grade လို့ ရေးရတယ်။
သတ္တမ နဲ့ ဂဏန်း ၇ မတူပါ။ သတ္တမဆိုတာ ၇ ခုမြောက်။
အလွယ်တကူပြောဆိုကြပေမဲ့ ၇ တန်းဆိုတာ လူတွေဖြစ်ဖြစ် ပစ္စည်းတွေဖြစ်ဖြစ် အတန်းလိုက်စီထားတာ။ 'အဆင်ဘလီ' မှာ ကျောင်းသားတွေ အတန်းလိုက် ၇ တန်းစီထားတာမျိုး။
၃။ ပဉ္စမတန်း ပထဝီဝင် ဖတ်စာအုပ်မှာ မြောက်ယဉ်စွန်းတန်းကို အီကွေတာမျဉ်းလို့ပြထားတာ မှားနေတယ်။
၄။ သမိုင်း
ဆဋ္ဌမတန်း
စာမျက်နှာ ၂၉
အခန်း ၂။ ကမ္ဘာ့သမိုင်း
က။ ဂရိမြို့ပြနိုင်ငံ၏ ရှေးဦးယဉ်ကျေးမှုများ
(၁) ဂရိမြို့ပြနိုင်ငံထူထောင်ခြင်း
၂၀၀၀ ဘီစီခန့်တွင် ဂရိကျွန်းဆွယ်ကို အင်ဒိုဥရောပ (Indo European) အစ္စလာမ်နွယ်ဝင် ဂရိလူများတို့ ဝင်ရောက် အခြေချနေထိုင်ခဲ့ကြသည်။
မှတ်ချက် - အစ္စလာမ်ဘာသာက အေဒီ ၆၁၀ ရောက်မှသာ စတင်ပါတယ်။
One of the most commonly asked questions about the history of Islam is 'when did Islam begin? '. Its origins can be traced back to 610 A.D. which is when the Prophet Muhammad (PBUH) first saw the Angel Jibril and shared the words of Allah (SWT).
၅။ မြန်မာကဗျာလက်ရွေးစင် ဒသမတန်း၊ ၂၀၀၅-၂၀၀၆ ကျောင်းသုံးစာအုပ်၊ စာမျက်နှာ ၁၄-၁၅ မှာပါတဲ့ နွေဦးကာလ မြူထသောခါ ကဗျာကလည်း မူရင်းကဗျာပါစာလုံးပေါင်းသတ်ပုံတွေကို ပြင်ထားတယ်။
ပါမောက္ခဦးအေးမောင်ပြုစုတဲ့ ကဗျာ့ပန်းကုံးထဲက ထန်းတက်သမား (ဝန်ကြီးပဒေသရာဇာ) ထဲမှာ အမှန်အတိုင်း ပါတယ်။
၆။ ကျောင်းသုံးစာအုပ်မဟုတ်ပေမဲ့ အွန်လိုင်းမှာမကြာခဏတွေ့ရတဲ့ အစိမ်းရောင်နောက်ခံနဲ့ပုံထဲမှာ -
ဆဌမ မှားတယ်။ ဆဋ္ဌမ လို့ရေးရတယ်။
ဒဿမ မှားနေတယ်။ ဒသမ လို့ရေးရတယ်။
ဧကဒဿမ မှားနေတယ်။ ဧကဒသမ လို့ရေးရတယ်။
ဒွာဒဿမ မှားနေတယ်။ ဒွာဒသမ လို့ရေးရတယ်။
မှတ်ချက် -
မှားနေတာမျိုးဆိုရင် အချက်အလက်ဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ်၊ ဆေးနည်းဖြစ်ဖြစ်၊ သတ်ပုံဖြစ်ဖြစ် တယောက်ပြီးတယောက်က ကူးတင်နေကြတယ်။
တခြားအမှားတွေလည်း ရှိပါဦးမယ်။ ပြည်တွင်းမှာနေရတာမဟုတ်လို့ မှားနေတာတွေကို အကုန်မသိသေးပါ။ ကျောင်းသုံးစာအုပ်တစုံ မှာထားတာ ဝယ်ပြီးပို့ပါတယ်။ ကျေးဇူး။ ဒါပေမဲ့ နယ်ကနေ ရန်ကုန်အထိသာ ရောက်သေးတယ်။ စာအုပ်သယ်ယူရတာ ဈေးကြီးတယ်။
- ကျောင်းသူကျောင်းသားတွေ စာအမှန်တွေကိုသာ သင်ယူကြရပါစေသတည်း။
- ဆရာဆရာမတွေ စာအမှန်တွေကိုသာ သင်ပေးကြရပါစေသတည်း။
- တိုင်းပြည်မှာ အမှားတွေကြီးစိုး လွှမ်းမိုးမှုတွေ ကုန်ဆုံးပါစေသတည်း။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment