Skip to main content

ဝေးပြီမွှေးရေ

ရေး - မြတ်လေး

ဆို - မောင်မောင်ကြီး

ကျောချင်းကပ်၍ တရွေ့ရွေ့ခွါ တကမာ္ဘဆီ၊ ဝေးပြီ မွှေးရယ်။

ဖုန်းချစ်ရနည်းတယ်၊ ခုမှ လူ့ဘဝ ရေလည်၊ ပြုသမျှတွေ့မယ်၊ အဖြေပေါ်တယ်၊ တယုတယချစ်ကြိုးသွယ်၊ သမုဒယ အဖြစ်ဆိုးတယ်၊ ရေနစ်သူဝါးကူထိုးသည့်နှယ်၊ အမုန်းခံလူစား အပယ်ခံဘဝနဲ့ကွယ်၊ အဆွေးခြယ် ဆေးချက်မပြယ် အဝေးနယ် ပြေးထွက်ကာရယ် သည်နောင်တ ရင်ဝယ်ဆောင်လို့သယ် တွေးမိတိုင်း မျက်ရည်လည်

(ပန်းကြွေသောလမ်း ဖြတ်သန်းလျှောက်သောအခါ ကိုယ့်အသဲဘယ့်နှယ်ရှိမယ် မွှေး ရယ် လေတိုက်သောလမ်း ဖြတ်သန်းလျှောက်သောအခါ ကိုယ့်ဘဝ ဘယ့်နှယ်ရှိပါ့မယ်) ၂

အသဲကြွေခြင်း လေလွင့်ခြင်းတွေရယ် မွှေးကိုချစ်မိသောဘဝ ရလာဒ်တွေပါကွယ်၊ မွှေးရယ် မွှေးရယ်။

မြတ်လေးဟာ တချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်ထင်ပေါ် အောင်မြင်ခဲ့သူတယောက်ဖြစ်တယ်။ တေးဂီတနဲ့ ရုပ်ရှင်မှာ အောင်မြင်တယ်။ သူ့သီချင်းတွေကို ခုခေတ်လူရွယ်တွေကတော့ ကြားဖူးကြမယ်မထင်ပါ။ ခံစားတတ်ကြမယ်လည်း မမျှော်လင့်ပါ။ လူရွယ်တွေရဲ့ မိဘဆရာတွေကတော့ မြတ်လေးအနုပညာသက် ရှိခဲ့ကြသူတွေသာ ဖြစ်ပါတယ်။

သီချင်းစာသားသတ်ပုံကိုလည်း ခေတ်လူရွယ် လူငယ်တွေသာမက လူကြီးတွေပါ သတိပြုကြစေချင်ပါတယ်။ တရွေ့ရွေ့ခွါ တကမာ္ဘဆီလို့သာရေးတယ်။ တတွေမှာ စသတ်မပါ။

တယုတယကို တစ်ယုတရလို့ ရေးနေကြသူများ

- တစ်ယုတယကိုချစ်ခံရတာ 

- တစ်ယုတယ ခြွေ ရုပ်ရှင်ရိုက်ကွင်းမှ ညီနန္ဒ နဲ့ အိချောပို 

- ကိုယ်တစ်ယုတယမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေဆီကနေ ဒဏ်ရာရလာတဲ့အခါ

- တစ်ယုတယနဲ့ပင်ပန်းနေပီးလားလိုမေးစေချင်တာပေါ့ချစ်ရယ်

- တစ်တယုတယၤဒီးယကဘဉ်မၤဒ်လဲဉ် တစ်တယုထယၤဒ်သီးယသုတမၤသကိးတဒီးယကဘဉ်မၤဒ်လဲ

- တစ်ယုတယ စီးခဲ့ဖူးတဲ့ ဖိနပ်လေးကို အသစ်တစ်ရံ မရခင် အထိ မြတ်နိုးခဲ့ရုံ

- သူ့ရဲ့ မျက်ဝန်း ကအစ ခြေဖဝါးအဆုံး တစ်ယုတယနဲ့ ချစ်ဖူးတယ်မို့လား

- ခင့်ကိုကြည့်ကာ တစ်ယုတယနဲ့ ‌

- အဲ့ဒိနှလုံးသားဟာ တစ်ယုတယ သေမိန့်ကျတော့

- တစ်ယုတယနဲ့ ထွေးက်ထားရင်း 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ