Skip to main content

ဘူးမမှုတ်နဲ့သမီးရယ်

ကွန်မင့်တခု = စားရဘူးတယ် မဖြစ်သင့်ဘူးဗျ စားရဖူးတယ်ပဲ ဖြစ်သင့်တာ ဘူးက အငြင်းသဘောမဟုတ်လား ဗန်းမော်တင်အောင် မြန်မာစာအရေးလိုသေးတယ်ပြောရမယ်

ကွန်မင့်တခု = ဆရာလည်း physics သင်ဖူးမယ်ထင်ပါတယ်

သင်ဘူးတယ်။

(၁) မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။ 

မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ 

ညှာအနား၊ ရှေ့သွားနဲ့ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။

ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊

ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။   ။ (မယ်ခွေ)

(၂)

ကဝိဓဇသတ်ပုံကျမ်း

ဘူး

ကြားဘူးနားဝ

နဘူးနွယ်ပင်

ဘုရားဖူးဘူးသည်

ဘူးကွယ်သည်

မကြားဘူး

မမြင်ဘူး

မရောက်မလာဘူး

(၃)

ပင်လယ်ခရုဘွဲ့

ကြုံစဖူး မြင်ဖူးမှ ယုံစဘွယ်။

ဖြူနီဝါပြာတစုနှင့်

ခရုထွေလာဆန်း

ကမ်းကွေ့ပတ်လယ်။

ရွှေမင်တံ သံပချုပ်နှင့်

ဟန်ရုပ်ပြသွယ်သွယ်

နတ်မယ်လျဆံထိုး။

ဝင်ကစွပ်

မြင်ဆွတ်ကကြည်ဘို့ရာ

ဟိုသို့လာ သည်သို့သွားနှင့်

အငှားခန္ဓာမြှောင်ရတယ်

ဆန်းခေါင်ထိမျိုး။    ။ (ဦးကြင်ဥ)

(၄)

မဟာစည်ဆရာတော်ရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ထို့ကြောင့် မြင်ဘူး ကြားဘူး နံဘူး စားဘူး တွေ့ထိဘူး ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျက် နိစ္စ သုခ အတ္တဟု ထင်မြင် စွဲလမ်းမှုသည် ဖြစ်ပေါ်၏။

(၅)

ဘူးမမှုတ်နဲ့သမီးရယ်

ဖေဖေ့ကိုချစ်တယ်ဆို

ဖေဖေလေးကိုချစ်တယ်ဆို ဆို ဆို ဆို

ကလေးဗူးမှုတ်တာကလွဲရင် ဘူးလို့သင်နေကြတာ မမှန်ပါ။ ဗူးမှုတ် နဲ့ ဘူးမှုတ် နှစ်မျိုးလုံးရေးနိုင်ပါတယ်။

ဆင်နှာမောင်း တပင်လုံး သုံးခွက်တခွက်တင်ကျိုလို့ ရေးမှသာ မှန်ပါတယ်။

မေဓာဝီ - တေးရေး - မြို့မငြိမ်း တေးဆို-ဝင်းဦး (မှုံရွှေရည်ဇာတ်ကားမှဇာတ်ဝင်တေး) https://www.youtube.com/watch?v=pk2tRFK_MBU

ဗူးတလုံးဆောင် https://burmese-spelling.blogspot.com/2024/01/blog-post_67.html

ဖူး ဘူး https://burmese-spelling.blogspot.com/2023/08/blog-post_666.html

ဗူး နဲ့ ဘူး ဋီကာ https://burmese-spelling.blogspot.com/2022/11/blog-post_6.html

ဘူး ဖူး https://burmese-spelling.blogspot.com/2024/01/blog-post_693.html

H2O မြန်မာစာကို ဓါတုဗေဒဖေါ်မြူလာတွေနဲ့ သင်နေတာ မမှန်ပါ https://burmese-spelling.blogspot.com/2023/11/h2o.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ