Skip to main content

ဓါတ်ပုံရိုက်ခံခြင်း


လွန်ခဲ့တဲ့ ၄ နှစ်တိတိကဖြစ်ပါသည်။

မိသားစုတိုင်းမှာ မိဘတွေရဲ့ဓါတ်ပုံ ထားရှိလေ့ရှိသည်။

သို့ရာတွင် ကျွန်ုပ်တို့မိဘများနဲ့အတူတကွဓါတ်ပုံရယ်လို့ မရှိခဲ့ပါ။

ပြုပြင်မွမ်းမံမထားတဲ့ ဓါတ်ပုံတွေက မိသားစုတိုင်းအတွက် အသုံးကျပါသည်။

ဓါတ်ပုံရိုက်ခံခြင်း (၂)

လွန်ခဲ့တဲ့ ၄ နှစ်တိတိကဖြစ်ပါသည်။

ကျွန်ုပ်တို့၏မိသားစု ကြီးမားပါသည်။ 

တို့နှစ်ယောက်ဓါတ်ပုံ ရိုက်ထားချင်တယ်။ လာခဲ့ကြဆိုတော့ လာကြပါသည်။

တယောက်က ညာဘက်နေရာက ရိုက်သည်။ နောက်တယောကက် ဘယ်ဘက်က။ နောက်တယောက်က ရှေ့တည့်တည့်က ရိုက်ပေးပါသည်။

ဖုန်းကင်မရာကို မျက်လုံးလေးလုံးက တည့်တည့်ကြည့်နေတဲ့ပုံကို အတော်ရွေးယူရပါသည်။

ဒါနဲ့ နောက်တကြိမ်တော့ တယောက်တည်းကရိုက်ဆိုပြီး ခိုင်းရသည်။

အေအိုင်ခေတ်မရောက်သေးလို့ တော်ပါသေးသည်။ ရောက်ရင်တော့ မိဘအတုကိုသာ မြင်ကြရလိမ့်မည်။

ဒေါက်တာတင့်ဆွေ

Comments