မကြာခင်မှာ ဗြိတိန်နဲ့ ယူအက်စ် မှာလည်း ရွေးကောက်ပွဲတွေလုပ်မယ်။
သူတို့ဆီမှာတော့ ၄ နှစ်တခါ၊ ၅ နှစ်တကြိမ် ပြောင်းလေ့ရှိတယ်။
ဥရောပနဲ့ အမေရိကမှာ ဘယ်ပါတီတက်တက် မြန်မာ့အရေးအတွက် ထူးစရာ မရှိပါ။
တရုပ်နဲ့ ရုရှားတို့ကတော့ အနှစ် ၄၀ နေလည်း ဒီလိုပေါ်လစီသာလာမှာ။ မြန်မာ့အရေးအတွက် ထူးစရာ မရှိပါ။
ကျွန်တော်တို့မြန်မာပြည်မှာ လက်ဝဲနောက်လိုက်ချင်သူများတဲ့ကာလ အတော်ကြာပါတယ်။ လက်ဝဲအတုက ၂၆ နှစ်ကြာတယ်။
ဒီမိုကရေစီကို လက်ယာလို့စွဲဆိုတယ်။ နားထောင်လို့တော့ မကောင်း။
လွတ်လပ်ရေးရပြီးကတည်းက လက်ဝဲလည်း သူ့အကျိုးစီးပွားသာကြည့်တယ်။ လက်ယာကလည်း သူ့စီးပွားရေးသာ ကြည့်တယ်။
ကိုယ့်ကိုယ်ကို မကြည့်တာက အုပ်ချုပ်ခံလူထု။
ကိုယ့်ကိုယ်ကို ကြည့်တာက အုပ်ချုပ်သူတွေ။
အစွန်းတွေကား ချမ်းသာသွားကြကုန်၏။
ချမ်းသာအောင်လုပ်နည်းကား လက်နက်တည်း။ အားကိုးစရာ ရှာတတ်ခြင်းတည်း။
ဆေးစစ်တဲ့အခါ နော်မယ် ခေါ် ပုံမှန်ထက် များလည်း မကောင်း။ နည်းလည်း မကောင်းပါ။
ရုရှားအားကိုးတော့ သွေးတိုး။
တရုပ်အားကိုးတော့ ဆီးချို။
ယူအက်စ်အားကိုးတော့ ကိုလက်စထော။
မြန်မာပြည်သားတွေ ဘယ်မှာနေနေ နေကောင်းကြစေသတည်း။
France's far right celebrates lead and seeks majority
ဒေါက်တာတင့်ဆွေ
Comments
Post a Comment