ဆရာခင်ဗျ "မရမ်း"လို့ရေးရင် မှားလားဗျ။ အခုနောက်ပိုင်း "မရမ်း"လို့စားလုံးပေါင်းထားတာတွေ့ရလို့ပါခင်ဗျ။
ကဝိဓဇသတ်ပုံကျမ်း
မရန်း။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
မရန်းစေ့ရောင်
မရန်းပင်
မရန်းပြား
ရှင်ဥတ္တမကျော် တောလား ပုံနှိပ်မူ ၂ မျိုးတွေ့တယ်။ တခုမှာ မရန်း၊ နောက်တခုမှာ မရမ်း။
တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်
တိမ်ပြာရောရှက်၊ မရန်း(မရမ်း) ဖက်၍
တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်
မှောင်ခဲ့တခါ၊ ပြာခဲ့တချို့
ညှိုခဲ့တလီ၊ ရီခဲ့တဖုံ
မှုန်ခဲ့တချက်
ယုဂန်ထက်က၊ လေးဖက်လုံးခြုံ
တိမ်ဂဠုန်လည်း၊ နဂါရုံကြွေ့
ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment