ပို့စ်တခု = တတိယနိုင်ငံအတွက် တလရ ဗန်းပြပြီး သွားချင်တဲ့ လူတစုက ထိုင်းမှာတင် အယောက် ၈၀၀၀ ကျော်ရှိနေတာလေ။ သွားရဖို့လဲမမျှော်လင့်ပါဘူး။
ရဲဘော်သုံးကျိပ်ခေတ်ကတည်းက အဲလိုဘဲ။
ကျွန်တော့ကို အိမ်ကိုလာဖမ်းတော့ ထွက်ပြေးရတယ်။ အနှစ် ၃၀ ကျော်တဲ့အထိ ပြည်ပြေး၊ ကြောက်ပြေးဆိုပြီး ပြောကြတယ်။
အဲလိုပြောသူတွေအခု ယူအက်စ်အေ၊ ဥရောပ၊ ကနေဒါနဲ့ သြစတေးလျ ရောက်နေကြပြီ။
ယူအင်အိတ်ချ်စီအာ ဆိုတာကလည်း ပုံပြောကောင်း၊ စာစီစာကုံးအရေးကောင်း၊ သရုပ်ဆောင်ကောင်းသူတွေပြီးမှ ဒီမိုကရေစီတွေက နောက်ကနေ တန်းစီရတယ်။
ဂျပန်တော်လှန်ရေးကနေ ဖက်ဆစ်တော်လှန်ရေးခေတ် အစစ်ရောက်နေပြီ။
ပြည်တွင်းမှာလည်း အုန်းပင်တက်လက်မှတ်ရထားသူတွေ များတယ်။
ပြည်တွင်း ပြည်ပမှာ လည်ပင်းစာဆွဲမထားရင် ဘယ်သူက ဘယ်လို မသိနိုင်ဘူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment