စိုင်းက တဲ့။ စိုင်းခမ်းလိတ်လား၊ စိုင်းထီးဆိုင်လား မသိ။
ကိုယ့်ကိုယ်ကို နာမည်အဖျားဆွတ်ခေါ်ပြီး ရေးသား ပြောဆိုတာတွေက နားလည်းရခက်တယ်။ တခါတခါ ပြန်ပြန်မေးနေရတယ်။
နှင်း ဆိုရင် စနိုးလား။
နော် ဆိုရင် ဘားအံကလား။
မွန် ဆိုရင် ဘိတ်ကလား။
သက် ဆိုရင် ခက်နဲ့ ညီအမလား
ချစ် ဆိုရင် ခြစ် နဲ့ မှားသလား။
ကျော် ဆိုရင် ကြော် ကို မှားရေးတာလား။
ကိုဒွေ ဆိုရင် ကိုတေ ရဲ့ညီလား။
တချို့ဆိုရင် ကျား-မ တောင် ခွဲမရပါ။
ကိုယ့်ကိုယ်ကို နာမည်အဖျားဆွတ်ခေါ်တာကို သူနဲ့နီးစပ်သူတစုကလာ သိကြတယ်။ လူကြီးမင်းတို့နဲ့ ကျွန်တော်က မိုင်ပေါင်း ၈၅၀၀ ကျော်ဝေးတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment