မင်္ဂလာရက်မှာ ချစ်သော စာဖတ်ပရိတ်သတ်နဲ့ ချစ်သောသူများနဲ့ တွေ့ဆုံဖို့…သာကြောင်းမာကြောင်း မေးမြန်းဖို့..
တယောက်နဲ့တယောက် အားပေး နှစ်သိမ့် အားတင်းကြဖို့ (Nu Nu Yiy Innwa)
စာကို မှန်အောင်ရေးလို့ ကူးယူတင်ပြပါတယ်။ တခြားသူတွေက နုနုရည် အင်းဝ ရေးတဲ့ စာတွေကို တင်ကြတယ်။ သတ်ပုံတွေ မမှန်ပါ။ ဆောရီး။
နုနုရည် အင်းဝ နဲ့ လူချင်း မသိပါ။ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) နဲ့လည်း အီးမေးလ်ခေတ်ကသာ အဆက်အသွယ်လုပ်ရပါတယ်။
မြို့သာမှာ ဆရာဝန်လုပ်စဉ်က အင်းဝနဲ့ တံတားဦးကို အခေါက်ပေါင်းများစွာ ရောက်ပါတယ်။
အထက်တန်းကျောင်းဆရာတဦးကလည်း အင်းဝသား။ ဆေးကျောင်းသူငယ်ချင်းတယောက်ကလည်း တံတားဦးသား။
မြို့သာတိုက်နယ်ဆေးရုံလေးမှာ အရေးပေါ်ဆေးပစ္စည်းလိုတဲ့အခါ တံတားဦးမြို့နယ်ဆရာဝန် ဒေါက်တာကိုလေးဆီ လှမ်းပြီး အကူအညီတောင်းခဲ့ရတယ်။ ကျေးဇူး။
မြို့သာ၊ အင်းဝနဲ့ တံတားဦးဆိုရင် ရပ်ဆွေရပ်မျိုးတွေလို့ အောက်မေ့ပါတယ်။
နေကောင်းကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment