Skip to main content

မြန်မာစာ ရေနစ်နေပြီ

နွံနစ်နေကြပြီ လို့ ရေးရ။
နှစ်ခံရသဖြင့် နစ်နေပြီ။
၁။ ဆရာရှင့် သားသားက 4နစ်ခွဲပါ ဘာရောဂါလဲဆရာ 
၄ နှစ်ခွဲ သို့မဟုတ် လေးနှစ်ခွဲလို့ ရေးရ။
နစ်ဆိုတာ ရေနစ်၊ နစ်နာ၊ နစ်မျော၊ နစ်မြုပ်၊ နစ်မွန်း၊ ဖေါင်တိန် နစ်။
ရေးထားတဲ့အတိုင်းကိုဖတ်ရင် 'ဖိုး' နစ်ခွဲပါ
၂။ မြစ်ရေကြီးသွားတယ်။ အ ‘နစ်’ ‘20’ အတွင်း အကြီးဆုံး။ ‘တစ်’ မြို့လုံးနီးပါးမြုပ်။
နစ် နဲ့ နှစ် မှားနေတယ်။
နစ်ဆိုတာ ရေနစ်၊ နစ်နာ၊ နစ်မျော၊ နစ်မြုပ်၊ နစ်မွန်း၊ ဖေါင်တိန် နစ်။
၃။ ဝိပသနာတရားအားထုပ်ပါစိတ်ကိုတရာထဲ့နစ်ထားပါ 
ဝိပဿနာလို့ ရေးရ။ တရားအားထုတ်လို့ ရေးရ။ တရားထဲ နှစ်ထားပါလို့ ရေးရ။ နှစ်သဖြင့် နစ်ဝင်နေသည်။ ငွေသွားထုတ်ပြီးအပြန်မှာ ငွေထုပ်ပါလာသည်။
၄။ တေးသီချင်းဆီ၊ နှစ်ပျော်မိသည်ကို နားမလည်ပါ။ 
နစ်ဝင်ပျော်မိသည်လို့ ရေးရ။ နှစ်လို့ နစ်သည်။
၅။ နှစ်၀င်ပျော်မိတယ် ပါဆရာ။
နစ်ဝင်ပျော်မိတယ်လို့ ရေးရ။ နှစ်လို့ နစ်သည်။
နစ်
ကွန်မျူနစ်
ခုနစ်ဂဏန်း
စနစ်ကျသည်
နစ်ကျွံစူးဝင်
နစ်နာဆုံးရှုံးသည်
နစ်နော = အစအဆုံးဆင်ခြင်သည်
နစ်မျော
နစ်မြုပ်ဆုံးပါးသည်
နစ်မွန်း
နစ်ဝင်
ရေနစ်သည်
အကြောင်းသနစ်
နှစ်
တနှစ် (၁ နှစ်)
နှစ်၍နစ်သည်
နှစ်ကာလရှည်
နှစ်ကုန်းတကော့
နှစ်ချင်းပေါက်အောင်
နှစ်ချို့
နှစ်ချို့စပါး
နှစ်ချုပ်စာရင်း
နှစ်ခြင်းသာသနာ
နှစ်ခြိုက်
နှစ်ခွရှိသော
နှစ်စဉ်ထာဝရ
နှစ်ထပ်သင်္ဘော
နှစ်ထောင်းအားရ
နှစ်နှစ် (၂ နှစ်)
နှစ်နှစ်ကာကာ
နှစ်နှစ်ခြိုက်ခြိုက်
နှစ်ပင်တိုင်သင်္ဘော
နှစ်ပတ်လည်
နှစ်ပရိစ္ဆေဒ
နှစ်ပါးစုံ (နှမစုံ) မွေး
နှစ်မ (နှမ) သားချင်း
နှစ်မြို့သည်
နှစ်လည်ခါကျူး
နှစ်လို့ဘွယ်ကောင်း
နှစ်လိုမြတ်နိုး
နှစ်သိမ့်သည် 
အနှစ် ၂၀ လို့ ရေးရတယ်။ ရေးထားတဲ့အတိုင်းကိုဖတ်ရင် ‘တွမ်တီး’ အတွင်း။
မြန်မာစာ ရေနစ်နေပြီ။ ကယ်တော်မူကြပါကုန်လော့။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ