ကြည့်စမ်းအဆွေ၊ မြစ်ကမ်းခြေဝယ်
စိုပြေနုလွင်၊ သစ်တပင်လျှင်
တပင်ထီးတည်း၊ ဖော်မမှီး၍
လေကြီးဆောင်ရာ၊ ကျိုးပျက် ပါသည်
မြစ်ညှာမြေမှ ပြုတ်ပြီတကား။
ဟိုမှာတင့်တယ်၊ တောအဆွယ်မူ
မြနှယ်စိမ်းသွင်၊ သစ်ညိုပင်တို့
ပင်အထပ်ထပ်၊ ပေါင်းစုရပ်သော်
တိုက်ခတ်ညိုးညံ၊ မုန်တိုင်းထန်လည်း
တော်လှန်ဝံ့စား၊ စွမ်းအင်အားနှင့်
မားမားတံ့တံ့ ၊ ခိုင်ခံ့ခံ့သည်
ကြံ့ကြံ့ရပ်တည် နိုင်ကြ၏။ (မင်းယုဝေ)
(ငွေတာရီမဂ္ဂဇင်း၁၉၆၁ သြဂုတ်လ)
Listener's Heaven Audiobooks - အသံစာအုပ်
မင်းယုဝေခင်ဗျား အခုတော့ သစ်တပင်မရှိတော့ပါ။
တပင်ထီးတည်း၊ ဖော်မမှီး၍မရတော့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment