Skip to main content

စိုက်ပျိုးသီးနှံ

ကျွန်တော့၏ အဖိုးအဖွားများက တောင်သူတွေဖြစ်ကြပါတယ်။ ကျွန်တော်ကတော့ စိုက်ရေးပျိုးရေးအကြောင်း အတော်ကို မသိပါ။

မေးမြန်းလေ့လာ အတုယူပြီး အိမ်မှာ မီးဖိုချောင်သုံး စားသုံးပင်လေးတွေ စိုက်ပါတယ်။ ကိုယ်တိုင်တော့ မဟုတ်။ ဇနီးက ပျိုးပင်ပေါက်လေးတွေ၊ မြေဆွေးဝယ် စိုက်တယ်။ ကျွန်တော်ကတော မြေကိုတူးဆွ၊ ရေလောင်းပေးတာလာက်သာ လုပ်ပါတယ်။

သမီးတို့ပြန်ရောက်လာတော့ ကျွန်တော်က ရေလောင်း ပေါင်းသင်တာတောင် လုပ်စရာမလိုတော့ဘဲ၊ စိုက်ပျိုး၊ ပြုစု၊ ဆွတ်ယူ၊ ချက်ပြုတ်တာကိုသာ ထိုင်စားပါတော့တယ်။

စားသုံးပင်တွေက တနှစ်နဲ့တနှစ် ဖြစ်ထွန်းအောင်မြင်တာ မတူပါ။ ဟိုတနှစ်က ငရုတ်သီးစိမ်းတွေ ဆွတ်လို့တောင် မနိုင်အောင် အဖြစ်သန်တယ်။ တမြန်နှစ်က ကစွန်းပင်၊ မနှစ်က ရုံးပတီးပင်တွေ ဖြစ်တယ်။ ဒီနှစ် ကြက်ဟင်းခါးနဲ့ ချဉ်ပေါင် အလှည့်ကျတယ်။

မိုးနဲ့ နွားကိုသာ အားကိုးနေကြရတဲ့ မြန်မာပြည်ကတောင်သူတွေရဲ့ဘဝကို ပိုပြီးစာနာမိပါတယ်။

တောင်သူလယ်သမားတွေ နေကောင်းကြပါစေ။ 

မိုးလည်း သဘောကောင်းပါစေသည်း။

ဒေါက်တာတင့်ဆွေ

Comments