မြန်မာစာသတ်ပုံတွေပြောင်းတဲ့ တရားခံဟာ ဗိုလ်နေဝင်းပါလို့ ပြောသူက များတယ်။ လက်ညှိုးတဒါဇင် ရှိပါကြောင်း ရေတွက် တင်ပြထားပါတယ်။
ဗိုလ်နေဝင်းက မြန်မာစာပညာရှင် မဟုတ်ပါ။ သူက အာဏာရှင်။ တတ်တဲ့သူတွေကို ရေးစေတယ်။ တတ်တဲ့သူတွေဆိုတာ ကုလားထိုင်နေရာ ရထားသူတွေ။ သူခိုင်းသလို လိုက်လုပ်ပေးတော့ ကုလားထိုင်နေရာ မြဲကြတယ်။
၂၀၀၈ ဖွဲစည်းပုံလက်ရာ ဗိုလ်သန်းရွှေလို့ ပြောကြစမြဲ။ ဗိုလ်သန်းရွှေက ဥပဒေတွေ မတတ်။ တတ်တဲ့သူတွေကို ရေးစေတယ်။ တတ်တဲ့သူတွေဆိုတာ ကုလားထိုင်နေရာ ရထားသူတွေ။ သူခိုင်းသလို လိုက်လုပ်ပေးတော့ ကုလားထိုင်နေရာ မြဲကြတယ်။
၂၀၂၁ တတိယအကြိမ်အာဏာသိမ်းတော့ အရပ်သားတချို့ကို စကစ ထဲထည့်တယ်။ အရပ်သား ၂ ယောက်ကို ပီအာ ရေးစေတယ်။ ရွေးကောက်ပွဲကလည်း မဟန်၊ ပီအာ လည်းအိမ်ပြန်ရပြီ။
တရားခံဆိုတာ အာဏာဆုပ်ကိုင်ထားကြသူတွေ။
မြန်မာစာနဲ့ ဘာသာရေးမှာ ခိုင်းသလိုလုပ်သူတွေ ကုလားထိုင်နေရာမြဲကြတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment