အမေရိကန် သမတရွေးကောက်ပွဲတိုင်းမှာ မှတ်သားစရာ အပြောတွေ၊ စကားလုံးတွေ၊ ဘန်းစကားတွေ၊ ရင့်သီးစော်ကားတာတွေ၊ မုသားတွေ ကြားရစမြဲဖြစ်ပါတယ်။
ဒီမိုကရက်သမတလောင်းအဖြစ် သေချာသလောက်ဖြစ်နေတဲ့ ကာမာလာဟဲရစ် အင်တာဗျုးအတိုလေး MSNBC TV မှာ ပြန်ပေါ်လာပါတယ်။
သူ့တွဲဘက် ဒုသမတလောင်းအရည်အချင်းကို မေးတာ။ အဖြေကတော့ မိုဟာမက်အာလီ တဲ့။
ပွဲတိုင်း အနိုင်ရသူလို့သာ မထင်မှတ်ပါနဲ့။
ဘောက်ဆင်ချန်ပီယံ ဆိုတာ အနိုင်မရခင်မှာ ပြိုင်ဘက်က ထိုးတာကိုလည်း အလူးအလဲ ခံရပါတယ်။
In a 2019 interview, Vice President Kamala Harris said her dream running mate is Muhammad Ali.
https://www.tiktok.com/@arimelber/video/7395280459497868590
ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်နဲ့ ဂျေဒီ ဗင့်စ် တို့ရဲ့ အပြောတွေကလည်း စံတင်လောက်ပါတယ်။
တချို့စကားလုံးတွေကို မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်မှာတင်ရင် ဖျက်ခံရနိုင်တယ်။ မြန်မာပြည်နိုင်ငံရေးက အလွန်ယဉ်ကျေးတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment