ပွင့်သော် ပန်းရုံထိပ်ထိ တက်ပွင့်တဲ့ပန်း
ခေါင်ရန်းလို့ခေါ်တာက ခေါင်းငိုက်စိုက်ကျတဲ့ပန်း
ဇွန်တလတည်းမှာသာမက ပွင့်တာက ဇွန်ပန်း
ယင်းမာပန်းသည်လည်း ယင်းမာပင်မှာသာ ရှိတာမဟုတ်
ဒေါနတောင်တန်းနားသွားခဲ့စဉ်က ဒေါနပန်းမတွေ့ခဲ့ပါ
သော်ကပန်းသည် သောကနဲ့မဆိုင်
နေကြာသည် နေခြည်ဘက်သို့လှည့်ပါသည်
ကံ့ကော်ပန်းနဲ့ ကံကော်တာ မတူပါ
စပယ်သည် သေးသေးမတင် ခေါင်းပေါ်သာတင်ပါသည်
ပညာပန်းဟူသည် ပညာလိုချင်သူများအတွက် ဆယ့်နှစ်ရာသီ မွှေးကြိုင်ပွင့်လန်းပေသည်။
ခွါကဲ့သို့ အခြေခိုင်ဖို့ လိုပါသည်။
ဒေါက်တာတင့်ဆွေ
၃၀-၈-၂၀၁၉

Comments
Post a Comment