တနွေအနှောင်၊ တမိုးပြောင်းသော်
ရွက်ညောင်းနေရာ၊ ရွက်နုဖြာလျက်
စိမ်းဝါနီမြန်း၊ ရောင်စုံပန်းများ
မြနန်းသေလာ၊ ရှိုမြောင်သာဝယ်
ပွင့်အာဖူးငုံ၊ ရနံ့ထုံလျက်
ရဂုံမြိုင်နန်း၊ အံ့မခန်းသို့။
ထက်နန်းအာကာ၊ မိုးတိမ်ပြာလည်း
တိမ်လွှာတိမ်ခက်၊ ဆိုင်းရုံရှက်၍
မည်းနက်မှိုင်းညို၊ ဝါလိုနီကြန့်
စိမ်းဖန့်ထပ်ခြယ်၊ တိမ်နန်းသွယ်တွင်
လျှပ်နွယ်ငွေပန်း၊ ပြက်လျှပ်သန်းကြောင့်
ငွေပန်းဆိုင်းထဲ၊ ငွေမှုံကြဲသို့။
နှင်းပုလဲမိုး၊ ဖြောက်ဖြောက်ဖြိုးလျက်
လျှံတိုးဝေကျ၊ သောကာလဝယ်
ရွှင်ပျမြူးမိ၊ ဂွမ်းဆီထိသို့
ပီတိဂုန်ထွေ၊ ရွှန်းရွှန်းဝေသည်
နှောင်းနွေခါထူး ဝသန်ဦး။ (ယုမော်)
ငွေတာရီမဂ္ဂဇင်း ၁၉၆၃ ဇွန်လ
(Listener's Heaven Audiobooks - အသံစာအုပ်)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment