Skip to main content

၍ နှင့် ရွေ့

- ကမ္ဘာ တည်နေသရွှေ့ နဲ့ (ကမ္ဘာတည်နေသ၍ ဘယ်စာကြောင်းက အမှန်နည်း

- ရွေ့ရှားနှင့်ရွေ့လျား ရှင်းတမ်းထုတ်ပါဦး ဆရာ။ မသိသေးသ၍၊ မလုပ်သေးသ၍လား မသိသေးသရွေ့ မလုပ်သေးသရွေ့လားဆရာ။ စာလုံးပေါင်း အမှန် သိပါရစေဆရာ။

၍ (သမ္ဗန္ဓ) = အကြောင်းပြပုဒ်အဖြစ်သုံးသောရှေ့ကြိယာနှင့်နောက်ကြိယာ စသည်ကိုဆက်စပ်သောစကားလုံးရွေ့၏အတိုကောက်စကားလုံ)။

သွား၍ကြည့်သည်။ သီချင်းဆို၍ငိုရသည်။ စိတ်ဆိုး၍ရိုက်သည်။

သွား၍လာ

ကြုံသ၍ (ပုဗ္ဗကာလကြိယာ)

ကမာ္ဘတည်သ

ဝဋ်ဆင်းရဲမမကျွတ်သ

အသက်ရှင်သ

ရောဂါမပျောက်သ

ရွှေ့၍ရွေ့သည

ရွေ

ရွေ့လျားသည

ရွေ့သွားသည်

တရွေ့ရွေ့

စကားရွေ့သည

ကာလရွေ့လျော

တရွေ့ရွေ့ရစ်ကာ ထွေးထွေးသစ်လာ ချစ်စရာရထားလေးနဲ့ခင်မင်စရာကွယ်

ဖြစ်သရွေ့ပျက်သရွေ့

ရွေ့ရှား (ရွေ့လျား)

ကာလရွေ့လျော

ရွေ့လျားခြင်း

ရူပဗေဒပညာရှင် အိုင်ဆက် နယူတန် မှ ရွေ့လျားမှု ဆိုင်ရာ နိယာမ ၃ ခုကို ထုတ်ဖော်ခဲ့သည်။

ရွေ့ရှား = ရွေ့သွားသည်။ ကြယ်များရွေ့လျားသွားလာဟန်ရှိသည်ကိုလည်းသိကြသည်။ ဂရိ။ ၃။

အရွယ်လွန်ရွေ့လျား (ခင်မောင်တိုး)

လက်ရှိတိုက်ကြီးများမှာ ၀င်ရိုးစွန်းပိုင်းမှ အီကွေတာပိုင်းသို့ ရွေ့လျားခဲ့သော ကုန်းမြေများဖြစ်သည်ဟု ယူဆထားသည်။

ရွေ့လျား = ရွေ့သွားသည်။

အကြည့်လွှဲ ရွေ့လျားခြင်း လှည့်စားမှု

"ဆုတောင်း"

နှောင်ကြိုးတွေပြေ

တိမ်တွေက ရွေ့လျား

တို့တိုင်းပြည် အမှောင်တွင်းက

လွတ်ကင်းစေသား။ (တင်မိုး)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ