ကျွန်တော့အမေက ခရမ်းချဉ်းသီးလှီးတဲ့ဒါး သုံးပါတယ်။ ရိုးရိုးပါဘဲ။ သားတွေက သွေးသွေးပေးကြတယ်။
အဖေကတော့ ဒါးမ၊ ပေါက်ဆိန်နဲ့ ထင်းခွဲတယ်။
ဇာတိရွာမှာ နွားစာရိတ်တဲ့ ဒါးကြီးကတမျိုး။ သွေးထားရင် အလွန်ပြတ်တာ။ အနားမကပ်ရဲဘူး။
မုံရွာ ရတနာပုံရပ်ကွက်မှာ နှီးလုပ်ငန်းလုပ်သူတွေနဲ့ အိမ်နီးချင်း။ သူတို့က ဒါးမောက်သုံးတယ်။
ဆေးကျောင်းမှာ မန္တလေးဒါးတန်းက သူငယ်ချင်းတွေနဲ့အတူ စာသင်ရတယ်။
ကျွန်တော်ဆရာဝန်ဖြစ်တော့ နှစ်ပေါင်းများစွာ ခွဲစိတ်ဒါး သုံးရတယ်။
ဆွစ်ဇာလန်ရောက်စဉ်က မောင်းချဒါး ဝယ်ခဲ့တယ်။ အလွန်ကောင်းတယ်။
ဆွစ်ဇာလန်လုပ် အာမီနိုက်ဖ် တွေကလည်း အမျိုးမျိုး။
သားတယောက်က ကချင်ဒါး ဝယ်ထားတယ်။
ရှစ်လေးလုံးခေတ်မှာ အိမ်တိုင်းက ငှက်ကြီးတောင်ဒါး ဆောင်ထားကြတယ်။
ချင်းလူမျိုးတွေနဲ့တွေ့တော့ သူတို့က ဒါးကို ပြောင်းပြန်လှီးကြာတာ တွေ့ဘူးတယ်။ သူ့နည်းနဲ့သူ ဟုတ်နေတယ်။
နယူးဒေလီ အသားငါးဆိုင်မှာ ဒါးပုံစံက မြန်မာပြည်ကဒါးတွေနဲ့ မတူပါ။ သူ့နည်းနဲ့သူ ဟုတ်နေတယ်။
နယူးဒေလီမှာဘဲ သူတို့က ကွမ်းရွက်ကို မုတ်ဆိတ်ရိတ်ဒါးနဲ့ ပိုင်းဖြတ်ကြတယ်။
အရင်က ဆံသဆိုင်တွေမှာ အရင်က မောင်းချဒါးသာ သုံးတယ်။
ကောင်းဘွိုင်ဇာတ်ကားတွေမှာ ပါတဲ့ဒါးနဲ့ အတူတူဘဲ။
ဂျူလီယက်ဆီဇာကို လုပ်ကြံသူတွေကလည်း ဒါးမြှောင်တွေနဲ့။
ဓား (ဓါး၊ ဒါး) အမျိုးအစားများ
မီးဖိုချောင်သုံးဓား ဟင်းလျာချက်ပြုတ်ရာတွင် အသုံးပြုသည်။ ပုံစံအမျိုးမျိုးရှိသည်။ မီးဖိုချောင်သုံးဓားသည် ပါး၍ ရှလွယ်သည်။ လက်ကိုင်ကို သစ်သား၊ ပလတ်စတစ်တို့ဖြင့် ပြုလုပ်ကြသည်။ အသားနှင့် အစားအစာများ ခုတ်ပိုင်းလှီးဖြတ်ရာတွင် သုံးသည်။
စားပွဲသုံးဓား စားသောက်ရာတွင် အစားအစာများ လှီးဖြတ်ရန် အသုံးပြုသည်။ စားပွဲသုံးဓားများသည် အခြားသော ဓားများထက် ထက်ကြသည်။ သို့သော် မီးဖိုချောင်သုံးဓားများလောက်ကား မထက်ကြပေ။ အသားကိုလှီးဖြတ်ရာတွင် သုံးသည့် ဓားများသည် အသားများ လှီးဖြတ်ရန် ဖြစ်သည့်အတွက် ပို၍ ထက်ကြသည်။ ငါးနှင့် ထောပတ်များကို လှီးရန်အသုံးပြုသည့် ဓားများသည် အဝိုင်းပုံသဏ္ဌာန် ဓားသွားပါရှိကာ ဓားသွားများမှာ မထက်ကြပေ။
အမဲလိုက်ဓား = အမဲကောင်များကို အရေခွံခွာရာတွင်လည်းကောင်း၊ အသားများ လှီးဖြတ်ရာတွင်လည်းကောင်း အသုံးပြုကြသည်။
ငါးစားရာတွင် သုံးသောဓား = ငါးများကို လှီးဖြတ်ရာတွင် သုံးသည်။
ဆောက်လုပ်ရေးတွင်သုံးသောဓား = ကြမ်းခင်များ၊ စာရွက်များ၊ ကော်ဇောများ ဖြတ်တောက်ရာတွင် အသုံးပြုသည်။
ဓားမ = သစ်ကြီးဝါးကြီးများကို ခုတ်သောဓားကြီး။ ဝါးရုံဖြတ်စရာဓားမ၊ မြက်ရိုက်စရာတံစဉ်။
ကမ္ဘောဇဓားသမား
ကိုးသင်္ချိုင်းသံသေဓား
ခရမ်းသီးပိန် ဓားတုံး
ဆာမူရိုင်းဓား
တံခါးမရှိ ဓားမရှိ
ဓား ရေး ၃၇ ချင်း
ဓားမနောက်ပိတ်ခွေး
ဓားသွားထက်က ပျားရည်စက်
ဓားသွေးကျောက်
ဓားသူရဲကောင်း မောင်ကောင်း
နဂါးနိုင်ဓားနဲ့ တိမ်လွှာဓား
ဖွတ်မရ ဓားမ ဆုံး
မှော်ဓားခုနှစ်လက်ဒဏ္ဍာရီ
ယိမ်းနွဲ့ပါးဓား
သိုက်ဓား
ဒါးအမျိုးမျိုးတွေ ရှိသေးတယ်။
အခုခေတ် မြန်မာစာအာဏာပိုင်တွေက ဓား လို့ရေးမှသာ မှန်တယ်လို့ ဆိုပါတယ်။
ဒါး ကို မှားတယ်လို့ထင်နေသူတွေက များတယ်။ ဓါး လို့ရေးတာတောင် မှန်တယ်မထင်သူကလည်း မနည်းဘူး။
မင်းဆွေရေးတဲ့ ဒါးဝတ္တု ဖတ်ဘူးတယ်။
သွေးသောက်ဒါးစာအုပ်လည်းရှိတယ်။
ဒါး နှင့် ဓား https://burmese-spelling.blogspot.com/2023/01/blog-post_3.html
Victorinox Swiss Army SwissChamp Pocket Knife & Multi-Tool, Ruby
ဒေါက်တာတင့်ဆွေ

Comments
Post a Comment