ဗေဒါ မြင်တာနဲ့ ဆရာဇော်ဂျီကိုသာ သတိရပါသည်။ ဗေဒါလမ်းကဗျာတွေ အများကြီးရေးစပ်ထားတာ ဖတ်လို့ မဝနိုင်ပြီ။
ဘဝအချိုးအကွေ့တိုင်းမှာ ဘဲအုပ်နဲ့ ဗေဒါ။ ယက်ကန်ခံရတာ အခါခါ၊ အုန်းလက်တွေကလည်း သည်ရေကြောမှာ ပေါလှပါ။ ကဗျာ အသက်ဝင်လှပါသည်။
ကဗျာ့အပြင်မှာတော့
ရုပ်ရှင်ကြည့်ရင် ကိုယ့်ကိုယ်ကို ဇာတ်လိုက်ထင်။ ရုံပြင်ထွက်တော့ အုန်းလက်။ လမ်းပေါ်မှာတော့ ဘဲလိုကန်သူတွေကလည်း များပြားလှပါသည်။
ရေးကြ ရွတ်ကြ တင်စားကြတာတော့ ဗေဒါပေါ့။
ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ဘဲ ကိုတော့ မှန်အောင် ကူးမရေးတတ်ကြတဲ့ခေတ်။
ဒေါက်တာတင့်ဆွေ
၂၉-၉-၂၀၁၉

Comments
Post a Comment