Skip to main content

စမ်းရေမြမြ

စိတ်ညစ်ကြေးကို

ဖြူဖွေးအောင်ပ၊ လျှော်ဖွပ်ကြစေ။

ဒေါသဖုထစ်၊ ပြေပြစ်စိမ့်ငှာ

ပျူငှာနည်းလမ်း၊ လက်ကမ်းကြစေ။

မာနတောင်ကြမ်း၊ လမ်းခင်းကျောက်သုံး

အပြုံးဝေငှ၊ အေးချမ်းမြစေ။

ဘဝဖြစ်ပျက်၊ လက်ဖျစ်တတွတ်

မျက်စိတမှိတ်၊ လျှပ်တညိတ်မို့

ထိတ်ထိတ်ရင်မ၊ သောကလောင်ကျွမ်း

မနေစမ်းနှင့်။

ချမ်းချမ်းမြမြ၊ လန်းလန်းလှလှ

ပန်းတမျှသို့

ဘ၀စမ်းရေ၊ အေးပါလေလော့။

အဆွေခင်ပွန်း၊ ချစ်ကျွမ်း၀င်သူ

လူသားချင်းချင်း၊ လေပြည်ညင်းသို့

သန့်ရှင်းလွတ်လပ်၊ အချစ်ဓာတ်နှင့်

အနေမြတ်ကြပါစေသတည်း။ (တင်မိုး)

ဒေါက်တာတင့်ဆွေ

Comments