Skip to main content

သီတင်းကျွတ် သင်ပုန်းကြီး (၂)

၂၀၁၉ ခုနှစ် ဒီလိုနေ့မှာ တင်ပြထားပါတယ်။

အရမ်းခင်မင်ရသော သူငယ်ချင်းများထံ ပြန်ပို့ပေး၍ သတင်းဝါကျွတ်မှာ ပျော်ရွှင်နိုင်ပါစေတဲ့။ သတင်းလို့ရေးတာ မှားတယ်။ သီတင်းကျွတ်လို့ ရေးရတယ်။

သီ

သီကုံး

သီကာရီကာ

သီကျူး

သီချင်း

သီတင်းကျွတ်လ

သီတင်းသုံး

သီတင်းသီလ

သီရုံး

သီလရှင်

သီလဝန်

သီလကြောင်

ပြုသတတ် လုပ်သတတ်

သကဒါဂါမ်

သကျသာကီဝင်

သခွပ်ပင်

သဇင်ပန်း

အမှတ်သညာ

သတင်းစကား

သတင်းစာ

သတိပဋ္ဌာန်တရား

သတိသမ္ပဇဉ်

သတီ

သတိုး

သတို့သား သတို့သမီး

သနံပြည်

သနပ်ခါး

သနပ်ပင်

သပွတ်ပင်

သပိတ်

သပိတ်လွယ်ငှက်

သပိတ်သွတ်

သဖန်းပင်

သဖွယ်

သကြား

သမံတလင်း

သမက်

သမနိရှည်

သမန်းမြက်

သမဝါယမ

သမားရိုးကျ

သမာပတ်တရား

သမာသမတ်ကျ

သမုစ္စည်း (သဒ္ဒါ)

သမုတ်ခေါ်ဝေါ်သည်

သမုဒ္ဒရာ

သမုန်းပင်

သယံဇာတပစ္စည်း

သပြုပင်

သဖြန်

သရက္ခန်ပင်

သရက်ထည်စ

သရက်ပင်

သရက်သီးသနပ်

သရဇ္ဈာယ်

သရဏဂုံတင်

သရမ်း

သရွတ်ကိုင်

သရဝဏ်နက္ခတ်

သရီရဓာတ်တော်

သရုပ်ပြ

သရုပ်သကန်

သရိုးကိုင်

သရိုးသရီဖြစ်

သရဲတစ္ဆေ

သလင်းစိပ်

သလင်းထောင်

သလွန်ညောင်စောင်း

သလိပ်ထွက်

သဝဏ်စာ

သဝန်ကြောင်

သဟဇာတဖြစ်

သဘောဖြူအူစင်း

သဘောသကန်

သဘောခွေ့

သယောက်လင်

သပြေပင်

သရေစာ (သွားရေစာ၊ သွားရည်စာ)

သရေပွဲ (အနိုင်မရ အမှတ်တူ)

သရောခိုင်း

သရော်

သရေခေတ္တရာ

သဝေချာလည်

သဝေထိုး

အဖြစ်သနစ်

ခြေသလုံးသား

ခြောက်သယောင်း

လေသလပ်

အရင်အမှားတွေပါတဲ့ ဆုတောင်းစာကိုလည်း တယောက်ပြီးတယောက် လျှောက်ပို့နေကြတာ နှစ်တိုင်းနှစ်တိုင်း။

သိတင်းကျွတ်ရာသီမှာတဲ့။ သီတင်းကျွတ်လို့ ရေးရတယ်။ 

အစဉ်ကြံစဉ်သမျှတဲ့။ ကြံစည်သမျှလို့ ရေးရတယ်။ 

အလှူရေစက် လက်နှင့်မကွာ လှူတန်းနိုင်ခြင်းတဲ့။ လှူဒါန်းသည်က ကြိယာ၊ အလှူအတန်းက နာမ်။

သတင်းကျွတ်တဲ့။ 

သီတင်းကျွတ်လို့ ရေးရတယ်။ သတင်းဆိုတာ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း။ အခါသမရတဲ့။ အခါသမယလို့ ရေးရတယ်။

ဝါလကင်းလွှတ်တဲ့။ ဝါလကင်းလွတ်လို့ ရေးရတယ်။ 

ချမ်းမြေ့ပျှော်ရွှင်ပါစေတဲ့။ ချမ်းမြေ့ပျော်ရွှင်ပါစေလို့ ရေးရတယ်။ 

ရှစ်ခိုးကန်တော့ပါသည်ရှင့်တဲ့။ ရှိခိုးလို့ ရေးရတယ်။

၂၀၂၄ ခုနှစ်ရောကတော့ သွက်သွက်ခါအောင်း မှားတာတွေ တိုးလာတယ်။

မြတ်ဗုဒ္ဓ၏တစ်ရားတော်များတဲ့။

မေတ္တာတစ်ရားတဲ့။

သစ္စာတစ်ရားတဲ့။

တစ်မလွန်တဲ့။

စကြာ နဲ့ ဗြဟ္မာ မှားရေးထားတာတခုကို ပြင်ပေးလည်း တယောက်ပြီးတယောက်က ကူးတင်နေကြတာ နေ့တိုင်။

အမှားတွေ မရေးသင့်။ အမှားတွေ မဝေသင့်။ အမှားတွေ မလုပ်သင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ