Skip to main content

ကဝိလက္ခဏာသတ်ပုံကျမ်း

ဒေါက်တာမောင်မောင်ကြီးရေးသားတဲ့ မြန်မာနိုင်ငံ ပညာရေးအဆင့်အတန်း နိမ့်ကျသွားရခြင်း အကြောင်းရင်းနှင့် တရားခံများထဲက ကောက်နှုတ်တင်ပြပါရစေ။

(စ) သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက သမိုင်းဘာသာရပ်ဟာ နိုင်ငံတိုင်းအတွက် အရေးကြီးတဲ့ ဘာသာရပ်ဖြစ်လို့ မအအောင်၊ မတုံးအောင် သမိုင်းသင်ရတယ်လို့ အဆိုအမိန့်ရှိခဲ့ဖူး ပါတယ်။ ဒါပေမဲ့ (ဗိုလ်နေဝင်းခန့်တဲ့) ဒေါက်တာညီညီရဲ့ စနစ်သစ် ပညာရေးအရ အမှတ်နည်းတဲ့ လူတွေကို သမိုင်းအဓိက သင်ရန်ပို့ လိုက်တော့ အလွန်ဝါသနာပါပြီး စားကြိုးစားသူ တယောက်တလေကလွဲလို့ သမိုင်းသုတေသီ လူချွန်လူကောင်းများ ထွက်လာရန် မလွယ်ပါ။ မြန်မာစာ အဓိကဘာသာရပ်မှာလည်း ထိုနည်း၎င်း ဖြစ်သွားပါတော့တယ်။

မြန်မာစာအတွက် ပိုကံဆိုးတာကတော့ အာဏာရှင်ဗိုလ်နေဝင်း မြန်မာစာကော်မရှင်မှာ နာယကတက်လုပ်ပြီး သတ်ပုံ၊ သဒ္ဒါတို့ကို သူ့စိတ်တိုင်းကျရေးဆွဲ ပြင်ဆင်ခိုင်းလိုက်ခြင်းပင်ဖြစ်ပါတယ်။ ဆရာကြီးဦးဝန်လိုပုဂ္ဂိုလ်ကိုတောင် မကျက်တကျက်ဖုတ်ထားတဲ့ပေါင်မုန့်လို မနူးမနပ် မတတ်တတတ်လူလို့ ဗိုလ်နေဝင်းက သရော်တော်တော်ပြောခဲ့ပါတယ်။ အကျယ်ကိုဆရာကြီးကြေးမုံဦးသောင်း ရေးခဲ့ပြီးဖြစ်ပါ တယ်။ တလောကမိုးမခမှာပါသွားတဲ့ ဦးခင်မောင်စော (ဘာလင်) ရဲ့ မြန်မာစာနဲ့ပတ်သက်တဲ့ဆောင်းပါးတခုမှာလဲ အလားတူထောက်ပြထားပါတယ်။ ဒါကြောင့် အသေးစိတ် ထပ်မရေးလိုတာ့ပါ။ မြန်မာပြည်ထဲက လူများမှာတော့ ဓားဂုတ်ပေါ်ဝဲပြီး သုံးခိုင်းနေလို့ မချစ်သော်လည်းအောင့်ကာ နမ်း ဆိုသလို ကြိတ်မှိတ်ပြီး ဒီသတ်ပုံကျမ်းသုံးနေရတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်ပရောက် စစ်အစိုးရကို ဆန့်ကျင်နေသူများထုတ်တဲ့ သတင်းစာ၊ ဂျာနယ် စတာတွေကလဲ ဒီသတ်ပုံကျမ်းအတိုင်း လိုက်နာရေး နေကြတာကတော့ ဝမ်းနည်းစရာပါ။ အများညီ ဤကိုကျွဲဖတ်ကြဆိုသလိုဖြစ်နေပါတယ်။ အများ မိုးခါးရေသောက်နေကြတော့လဲ ကျွန်တော် အပါအဝင်လူအများစုဟာ ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက် လုပ်မိသွားကြပါတယ်။ ဆရာကြီးကြေးမုံ ဦးသောင်းကတော့ ကွယ်လွန်တဲ့အထိ စစ်အစိုးရရဲ့သတ်ပုံကျမ်းကို သပိတ်မှောက်ပြီး ကဝိလက္ခဏာသတ်ပုံ သတ်ညွှန်း အတိုင်းသာ ရေးသားခဲ့ပါတယ်။ (ဆုံး)

မှတ်ချက် 

၁။ ဒေါက်တာမောင်မောင်ကြီးရေးတယ်ဆိုပြီး မှန်အောင်ရေးထားခဲ့တာတွေကို မှားအောင်ပြင်တင်၊ ပြင်ထုတ်နေခြင်းဟာ ဒေါက်တာမောင်မောင်ကြီးကို စော်ကားရာကျတယ်။

ကဝိလက္ခဏာသတ်ပုံကျမ်းကို စိန္တကျော်သူ ဦးဩက သတိုးမင်းခေါင်ရဲ့ တိုက်တွန်းချက်အရ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။ မောင်သြဟာ ဘုတလင်၊ မောင်းထောင်ရွာမှာ ၁၀၉၈ ခုနှစ်မှာမွေးတယ်။ ဟံသာဝတီရောက်မင်းနဲ့ သတိုးမင်းခေါင်ထံမှာ ခစားရတယ်။ ၁၁၁၃ ခုနှစ် တော်သလင်းလဆန်း ၁၁ ရက်နေ့မှာ ကျမ်းပြီးစီးတော့ အသက် ၁၅ နှစ်သာရှိသေးတယ်။ ကဝိလက္ခဏာသတ်ပုံကျမ်းမှာ ဆန်း၊ အလင်္ကာ၊ သဒ္ဒါ၊ ဗျာကရုဏ်း၊ ရှေးထုံးပုံပြင်၊ ရာဇဝင်သမိုင်း၊ သံပိုင်းမော်ကွန်း စတဲ့ လောကီနှင့် လောကုတ္တရာကျမ်းတွေကလာတဲ့ ဗဟုသုတ အဆီအနှစ်တွေနဲ့ ပြည့်စုံတယ်လို့ ချီးမွမ်းခြင်းခံရတယ်။

အခုတော့ လောကီနဲ့ လောကုတ္တရာကျမ်းတွေကလာတဲ့ ဗဟုသုတအဆီအနှစ်တွေနဲ့ပြည့်စုံတဲ့ သတ်ပုံကျမ်းတွေ တရားမဝင်ဖြစ်ကုန်ပြီ။

ကဝိလက္ခဏာသတ်ပုံ လေးစောင်တွဲ ပါဠိဆရာဦးဖြေ သုတ်သင်ပြင်ဆင်သည်

၁။ ရောင်ခြည်ခြောံသွယ်၊ ဘဝဂ်ကယ်၊ အံ့ဘွယ်ဆဲ့ရှစ်ဖြာ။

၂။ ပရိသတ်လယ်၊ ပျော်စံပယ်၊ ဘုန်းကြွယ်လူ့ထွတ်ချာ။

၃။ ရနံ့မပြယ်၊ ပန်းစပယ်၊ ခက်သွယ်နှာမောင်းဖြာ။

၄။ မုရင်းတံစယ်၊ ကောက်သန်လယ်၊ ကတွယ်မစိုက်ရာ။

၅။ ပျိုပျိုရွယ်ရွယ်၊ နောင့်ဆွေမယ်၊ ချစ်ဘွယများသည်သာ။

၆။ မင်းဆက်ငါးသွယ်၊ ရှင်ဘို့မယ်၊ နန်းလယ်တင်သဉ်သာ။

၇။ လဟာပြင်ကျယ်၊ မိုးမှာကြယ်၊ ပြိုင်ဆွယ်မနှုန်းရာ။

၈။ ပိန်းကောလှေငယ်၊ မြစ်ပင်လယ်၊ အလွယ်မကူးသာ။

၉။ အရိပ်နည်းငယ်၊ မကုံကယ်၊ ကုန်စယ်သွားလေပါ။

၁၀။ ဖေါင်းစိမ်းသက်ငယ်၊ ကိုင်းစက်စယ်၊ ပိတ်ကွယ်မိုးရှက်ကာ။ 

၁၁။ တုံ့ပယ်တုံ့ပယ်၊ ယက်ကန်းရှယ်၊ သွတ်လှယ်ပြန်လူးလာ။

၁၂။ သပ်သပ်ပါယ်ပါယ်၊ ပျိုနုနယ်၊ ထက်ဝယ်ဘွဲ့ခွေကာ။

၁၃။ မင်းပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရှာ။

၁၄။ ပြက်ပြက်ပြယ်ပြယ်၊ ငရဲးလွယ်၊ မျိုးနွယ်မြတ်ဆန်းသာ။

၁၅။ ရတုချဘွယ်၊ အသွယ်သွယ်၊ ခြောက်ဆယ်ကိရိယာ။

၁၆။ ဆန်းဆန်းကြယ်ကြယ်၊ ပညာကျယ်၊ တဆယ်ဥပစာ။

မှတ်ချက် 

၂။ ဆန်းဆန်းကြယ်ကြယ်၊ ပညာမကျယ်၊ 'တစ်ဆယ်' ဥပမာ။

ဒေါက်တာတင့်ဆွေ

၁၅-၁၀-၂၀၁၉

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ