အခုဘဲ အသံဖိုင်တခု 'မက်ဆေ့ချ်' မှာလာတယ်။ ဘာလဲ မသိလို့ နှိပ်လိုက်တော့ 'မဲရီးခရစ်စမတ်' တဲ့။ သိသိချင်း ပိတ်လိုက်တယ်။ ဆောရီး။
လူတွေဟာ ကိုယ့်အလုပ်၊ ကိုယ့်အာရုံ၊ ကိုယ့်ဦးစားပေးမှုတွေနဲ့ နေကြရပါတယ်။
စာရေးစရာ၊ ကျန်းမာရေးဖြေစရာတွေလုပ်နေချိန်မှာ သီချင်းကိုသာ စိတ်ဝင်စားနေသူက သီချင်းပို့တာ အဆီအငေါ်မတည့်ပါ။
တရားလည်း အတူတူဘဲ။ တရားကိုစိတ်ညွှတ်နေချိန်မှာသာ တရားထဲစိတ်ရောက်ကြပါတယ်။
တရားတွေ၊ သီချင်းတွေ၊ သတင်းတွေကို မကောင်းပါလို့ ပြောတာတော့ မဟုတ်ပါ။
ဘာမှန်းညာမှန်းမသိလို့ ဖွင့်ရတော့ အချိန်ကုန်ပြီး အချိန်လည်း မဟုတ်တော့ စိတ်အနှောင့်အယှက်ဖြစ်တယ်။
နေမကောင်းလို့မေးတာနဲ့သာ ဆရာဝန်နဲ့ ဆိုင်တယ်။ ဒါလည်း အသံဖိုင်နဲ့မေးတာ၊ ဖုန်းဆက်မေးတာ၊ 'ဗီဒီယိုကောလ်' နဲ့ မေးတာတွေကို မဖြေပါ။
လူတိုင်းကို ကိုယ်နဲ့အတူ တထပ်တည်းကျတယ်လို့ မထင်ပါနဲ့။
မနေကလည်း တင်ပြထားတယ်။ ဒီအရပ်မှာ အေးလွန်းလို့ အနွေးထည်ထူထူနဲ့နေရတယ်။ ကမ္ဘာ့တောင်ဘက်ခြမ်းမဟုတ်ရင် နေရာတိုင်းလိုလိုမှာ အေးနေတဲ့အချိန်။ လက်ပန်ပွင့်ကောက်တဲ့ပုံ တင်ကြတယ်။ အဆီအငေါ်မတည့်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment