အဲဒါကတော့ မဆန်းတော့ပါ။ နိုင်ငံရေးသတင်း၊ လူမှုရေးသတင်း၊ ကျန်းမာရေးသတင်းတွေကိုလည်း ထင်ရာထင်ရာ၊ သန်ရာသန်ရာ၊ ဖြစ်စေချင်တာကိုသာ ရေးကြ ပြောကြတာ ကြာပြီ။
အပြောကောင်းရင် နာမည်ကကြီးသေးတာ။ အာဘောင်အာရင်းသန်သူမျိုးကို ဥက္ကဌတင်တဲ့ ဆယ်စုနှစ် ၂ ခုကို ဖြတ်ခဲ့တော့ သိတယ်။
‘ဖမ်းဝရမ်း’ စကားလုံးနဲ့ ကျွန်တော်လည်း ဆိုင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ် ဒီဇင်္ဘာလ ၅ ရက်နေ့ သတင်းစာ နောက်ကျောဖုံးမှာ ဓါတ်ပုံနဲ့ ‘တရားခံပြေး’ တဲ့။
ပုလဲနေအိမ်ကို လာဖမ်းတာက နိုဝင်္ဘာလ ၂၇ ရက်နေ့။ ဒေါက်တာဇော်မြင့်မောင် (ကွယ်လွန်) က တရက်စောပြီး အဖမ်းခံရတာ။ သူကမြို့ကြီးမှာနေလို့ အဖမ်းခံရတာစောတယ်။ ကျွန်တော်က တောမြို့ဆိုတော နောက်ကျတယ်။ အမှုကတော့ တမှုတည်း။
ကျွန်တော့ကို အသည်းအသန် လိုက်ရှာလို့ မတွေ့တော့ တရားခံပြေး။ ပြေးတော့ လွတ်ရော။
‘ဖမ်းဝရမ်း’ ထုတ်တဲ့သူတွေလည်း ‘ဝရမ်း’ ထုတ်ခံရနိုင်တယ်။
Arrest Warrant Stock Illustrations – 1,151 Arrest Warrant Stock Illustrations, Vectors & Clipart
ဒေါက်တာတင့်ဆွေ
Comments
Post a Comment