Skip to main content

ပဒုမ္မာကြာ

ပဒုမာချည်  - ပဒုမ္မာချည်လို့ ရေးရ။

ဆဒ္ဒန်ဆင်မင်းဝတ္ထု ခက်ဆစ်အဖြေ ၉၉

တရာတိုင်တိုင် = ပွင့်ချပ်တရာရှိသော သတပတ္တ ပဒုမ္မာကြာ။

ပဒုမ္မာကြာ (Nelumbo nucifera) သည် နှစ်ရှည်ပင်မျိုး ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေကောင်းပါက ၎င်း၏ အစေ့ကို နှစ်ပေါင်းများစွာ တိုင်အောင် သုံးစွဲနိုင်သည်။ 

စိမ်းမြလျှံခြယ်အောင်ပင်လယ်

တေးရေး နန်းတော်ရှေ့ဆရာတင်

မူရင်းအဆို ကိုအံ့ကြီး

စိမ်းမြ စိမ်းမြလျှံခြယ်

အောင်ပင်လယ် တောနဲ့တောင်စွယ်

ကိုကြီးတင် ပျော်တဲ့နယ်

ရွှေနန်းတော်

ရွှေနန်းတော်ရှေ့ ပြုဗ္ဗာဝယ်

ကုမ္မာရီ ကောက်စိုက်မတွေအသွယ်သွယ်

ဆိုတေးသံချိုလှတယ်

လွမ်းတော်မူလို့ စာကိုစီတယ်

တိမ်နီ တိမ်ပြာ တိမ်ဝါတွေ သန်းပြန်တော့

ဪ လွမ်းတော်မူလို့ စာကိုစီတယ်

တိမ်နီ တိမ်ပြာ တိမ်ဝါတွေ သန်းပြန်တော့

ဘယ်ဆီသို့ ဘယ်ညာသို့

လွမ်းရမယ် ညွှန်းပါ့ကွယ်

ကြာပင်အိုင်ကြီးရယ်

ဘယ်ဆီသို့ ဘယ်ညာသို့

လွမ်းပါရမယ် ညွှန်းကာဆကွယ်

ကြာပင်အိုင်ကြီးရယ်

မိုးအခါဝယ် ချိုးလာမယ်

ချိုးလာမယ် မိုးအခါဝယ်

ချစ်သူပန်ဖို့တကယ်

ရည်ရွယ်ကာ ထားခဲ့မယ်

မိုးအခါဝယ် ချိုးလာမယ်

ချိုးလာမယ် မိုးအခါဝယ်

ချစ်သူပန်ဖို့တကယ်

ရည်ရွယ်ကာ ထားခဲ့မယ်

ပဒုမ္မာကြာရယ်

ကျုပ်ရည်းစားနဲ့ညားအောင် စောင့်ဦးကွယ်

လက်ဦးလေးပန်ချင်ရင် အမှန်ပင်လာခဲ့

မောင် ခေါ်ချင်ပါတယ်

ကိုကို ခေါ်ချင်ပါတယ်

ကိုယ်ချစ်တယ် ချစ်တဲ့ပျိုချစ်ရယ်

လက်ဦးလေးပန်ချင်ရင် အမှန်ပင်လာခဲ့

မောင် ခေါ်ချင်ပါတယ်

ကိုကို ခေါ်ချင်ပါတယ်

ကိုယ်ချစ်တယ် ချစ်တဲ့ပျိုချစ်ရယ်

အခါခါကွယ် မှာရှာတယ်

မှာရှာတယ် လာပါကွယ်

ပျို လေးရယ် ချစ်တဲ့ ပျိုလေးရယ်

အောင်ပင်လယ် တောခြေဝယ်

မောလေတယ် ချောမေရယ်

ရွှေကြာပန်းကို ဆင်ပါကွယ်

ခင်ရယ် ကြင်မယ်

ဪ ကျုပ်ရည်းစားနဲ့တွေ့အောင်ရှာဦးမယ်

မခွာနိုင်ဘူးကွယ်

ကမ္ဘာတိုင်ထူမယ်

လွမ်းတော်မူတဲ့ သက်လယ်မျက်ခြယ်

ဘယ့်နှယ့်လည်းကွယ်

မခွာနိုင်ဘူးကွယ်

ကမ္ဘာတိုင်ထူမယ်

လွမ်းတော်မူတဲ့ သက်လယ် မျက်ခြယ်

ဘယ့်နှယ့်လည်းကွယ်

ယဉ်သူဇာတိနွယ် 

အင်မတန် ကျေနပ်ဖွယ်

အင်မတန် ကျေနပ်ဖွယ်

ယဉ်သူဇာတိနွယ်

ချစ်တော်မူ ချောသလောက်မေရယ်

ကြိုက်တော်မူ ချောသလောက်မေရယ်

ပြောလောက်ပေတယ်

ချောသလောက်မေရယ်

ခင်ခင်နှမရယ် ယဉ်ယဉ်ပါ့ကွယ်

နန်းတော်ရှေ့ အောင်ပင်လယ်

မခွာနိုင်ဘူးကွယ်

ကမ္ဘာတိုင်ထူမယ်

လွမ်းတော်မူတဲ့ သက်လယ် မျက်ခြယ်

ဘယ့်နှယ့်လည်းကွယ်

မခွာနိုင်ဘူးကွယ်

ကမ္ဘာတိုင်ထူမယ်

လွမ်းတော်မူတဲ့ သက်လယ် မျက်ခြယ်

ဘယ့်နှယ့်လည်းကွယ်

ယဉ်သူဇာတိနွယ် 

အင်မတန် ကျေနပ်ဖွယ်

အင်မတန် ကျေနပ်ဖွယ်

ယဉ်သူဇာတိနွယ်

ချစ်တော်မူ ချောသလောက်မေရယ်

ကြိုက်တော်မူ ချောသလောက်မေရယ်

ပြောလောက်ပေတယ်

ချောသလောက်မေရယ်

ခင်ခင်နှမရယ် ယဉ်ယဉ်ပါ့ကွယ်

နန်းတော်ရှေ့ အောင်ပင်လယ်။  ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ