Skip to main content

ကော်ပြန့်ကြော် လုပ်စားကြရအောင်

တင်ထားတာတခု ဖြစ်ပါတယ်။ နည်းနည်း ပြင်မယ်။

ပါဝင်ပစ္စည်း

ကြက်သား ၃၀ကျပ်သား

မောင်လာဉနီ (မုန်လာဥနီ)(၂)လုံး ပါးပါးလှီးပါ။

ဂေါ်ဖီ တစိပ်(တစိတ်) ပါးပါးလှီးပါ။

ပဲပင်ပေါက် အနည်းငယ်

ကြက်သွန်မြိတ် (၆)ပင် ပါးပါးလှီးပါ။

ကြက်သွန်ဖြူ (၅) မွှာ ညက်အောင်ထောင်း

ငရုပ်ကောင်းမှုန့် အနည်းငယ်

ပဲငံပြာရည် အနည်းငယ်

ဆီ၊ ဆား၊ သကြား၊

ဂေါ်ပြန့်(ကော်ပြန့်)ရွက် ၁၅ ချပ် အချပ် ၂၀

ကော်ပြန့်ဆိုတာ တရုပ်ပြည်၊ Fujian ဖူဂျန်ဒေသကစတင်တဲ့ အစာအစာဖြစ်တယ်။ Popiah လို့ ခေါ်တယ်။

Spring Roll ကော်ပြန့်ကြော် 

ကော်ပြန့်ဖက်၊ ကော်ပြန့်ရွက်လို့လည်း ခေါ်ကြတယ်။

တချို့က ဖတ် နဲ့ ဖက် မှားရေးနေကြတယ်။

Carrot မုန်လာဥနီ သို့မဟုတ် မုန်လာဥဝါကို တချို့က ခါကျက်ဥ တဲ့။ တချို့က ခါကြက်ဥ တဲ့။ သတ်ပုံစာအုပ်တွေ အဟောင်းရော အသစ်မှာပါ မတွေ့ပါ။ မူရင်းက ဟင်ဒီစာလုံး။ Gaajar ကနေလာတယ်။ (ဂါဂျားရ်)။

ပုံအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments