Skip to main content

မြန်မာ့ ကျောင်းပညာရေး ရင်လေးပြီးရင်း ရင်လေး

သတင်း = လက်ဆင့်ကမ်းသုံးမယ့် စနစ်ကြောင့် ကျောင်းသားတိုင်း နှစ်ကုန်ရင် ဖတ်စာအုပ်တွေ ပြန်အပ်ရမယ်လို့ သိရပါတယ်။ ကျောင်းသုံးဖတ်စာအုပ်တွေ လက်ဆင့်ကမ်းသုံးမယ့်စနစ်ကို လာမယ့် ၂၀၂၅ -၂၀၂၆ ခုနှစ် စာသင်နှစ်မှ စတင်ကျင့်သုံးမှာ ဖြစ်ပါတယ်။ ဖတ်စာအုပ်တွေ ပုံနှိပ်ထုတ်ဝေရေးမှာ အခက်ခဲရှိတာကြောင့်နဲ့ ပညာရေးဘတ်ဂျက်ကို အသုံးပြုဖို့ လျော့ချလိုတာကြောင့် ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။ ကျောင်းက လူစေ့ စာအုပ်စေ့ ထုတ်မပေးတော့လို့ အပြင်မှာ ရှာဝယ်ရတဲ့ခေတ်၊ ပုံနှိပ်ဖတ်စာအုပ်လေးရဖို့ မဲနှိုက်ရတဲ့ခေတ်၊ စာအုပ်ဖိုးတွေ နှစ်စကတည်းက အကျေသွင်းထားရပြီး နှစ်ကုန်လို့တောင် တအုပ်မှမရ ငွေပြန်အမ်းတဲ့ အတိတ်ခေတ်ကို ပြန်ရောက်တော့မှာပဲ ဖြစ်ပါတယ်။ (Ruby News)

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျောင်းစာအုပ်တွေ ထုတ်ခဲ့စဉ်က အမှားတွေ တွေ့တယ်။ 

သတ်ပုံတွေကတော့ ၁၉၈၈ နောက်မှာ ကျောင်းစာအုပ်တိုင်းဟာ ပေါ်လစီသတ်ပုံသာဖြစ်လာတယ်။ 

ကျောင်းစာအုပ် အတန်းတွေကို အင်္ဂလိပ်လို ဖေါ်ပြတာတွေလည်း မှားနေတယ်။

အချက်အလက်မှားတွေကိုတော့ မူရင်းကျောင်းစာအုပ်နဲ့ တိုက်ကြည့်မှ တွေ့မယ်။

(၁) မြောက်ယဉ်စွန်းတန်းက အီကွေတာဖြစ်နေတယ်။

သုံးတဲ့သရုပ်ပြပုံတွေပါ အဆီအငေါ်မတည့်တာတွေပါတယ်။ ဥပမာ 

(၂) ဘ ဘကုန်း ဘာလို့တုန်း

သင်ပုန်းသစ်ကို ဖတ်မကြည့်ပဲ တန်းသိတယ်။ ကျွန်တော်က အိန္ဒိယမှာ ၂၄ နှစ်နေလာလို့ပါ။ ပုံထဲက အဝတ်အစားရော ကြာပွင့်ရောဟာ အိန္ဒိယနိုင်ငံ ဘီဂျေပီ ပါတီနဲ့ တထေရာတည်းတူနေတယ်။ မြန်မာပြည်မှာ မြနမာပြည်သာ အဖိုးကြီးတွေ မရှိကြတော့လို့လား။ မြန်မာပြည်နဲ့ ကိုက်ညီတဲ့ပုံ မဆွဲတတ်ကြလို့လား။

(၃) ဆဋ္ဌမတန်း စာမျက်နှာ ၂၉

အခန်း ၂။ ကမ္ဘာ့သမိုင်း

က။ ဂရိမြို့ပြနိုင်ငံ၏ ရှေးဦးယဉ်ကျေးမှုများ

(၁) ဂရိမြို့ပြနိုင်ငံထူထောင်ခြင်း

၂၀၀၀ ဘီစီခန့်တွင် ဂရိကျွန်းဆွယ်ကို အင်ဒိုဥရောပ (Indo European) အစ္စလာမ်နွယ်ဝင် ဂရိလူများတို့ ဝင်ရောက် အခြေချနေထိုင်ခဲ့ကြသည်။

မှတ်ချက် - အစ္စလာမ်ဘာသာက အေဒီ ၆၁၀ ရောက်မှသာ စတင်ပါတယ်။

အဲလိုစာအုပ်တွေနဲ့ စာမေးပွဲတွေအောင်၊ ဘွဲ့တွေရ၊ ဘွဲ့လွန်တွေရပြီးသူတွေက အခု ဆရာကြီး ဆရာမကြီးတွေ။ စာရေးဆရာကြီး၊ စာရေးဆရာမကြီးတွေ။ ကဗျာဆရာ ကဗျာဆရာမတွေ၊ မြန်မာစာအာဏာပိုင်အဖွဲ့မှာ အရာရှိကြီးတွေ ဖြစနေကြပြီ။

အခုလိုထောက်ပြတာမျိုးတွေကို သူတို့က မကြိုက်လောက်ပါ။

အီကွေတာမျဉ်း https://burmese-spelling.blogspot.com/2024/06/blog-post_86.html

ကျောင်းသုံးစာအုပ်တွေ မှားနေတယ် https://burmese-spelling.blogspot.com/2024/06/blog-post_418.html

နိုင်ငံတော်အမှား https://burmese-spelling.blogspot.com/2023/05/blog-post_874.html

ဘ ဘကုန်း ဘာလို့တုန်း https://doctortintswe.blogspot.com/2017/10/blog-post_19.html

ဒေါက်တာတင့်ဆွေ

Comments