ထိုမျှတုံကား
ပြည့်စုံလက္ခဏာ၊ ဘုန်းသမ္ဘာနှင့်
ကလျာငါးခု၊ ကြာဝတ်စုသို့
နုနု ထွတ်ထွတ်၊ မွတ်မွတ် မွေ့မွေ့
မြေ့မြေ့ ချောချော၊ လွန်လှမော၍
ရင်ကြော စိမ်းစိမ်း၊ ရှိမ်းရှိမ်း ရွှန်းရွှန်း
လန်းလန်း လတ်လတ်၊ စွတ်စွတ် စွေးစွေး
မြရိပ်ပြေးလျက်၊ ငယ်သွေး ငယ်ရည်
ခုံကျည် တပ်တပ်၊ ရွှေနားကပ်သို့
လှပ်လှပ် ချက်ချက်၊ ပြိုးပြိုးပြက်လျှင်
လက်လက် လင်းလင်း၊ ဝင်းဝင်း ပြောင်ပြောင်
ကိုယ်ရောင် တခဲ၊ ရိုးရိုးရဲတည့်
အံ့အဲ စဘွယ်၊ ထူးဆန်းကြယ်သား
ဆင်းရွယ်ပုံပြင်၊ ညီညွတ်အင်ဖြင့်
ညက်စင်ပြာကြည်း၊ ချည်းချည်းသွယ်သွယ်
ရှိရွယ်တအုပ်
နတ်ရုပ်အလား၊ ထွား ရရွားသား
နဂါးသမီး၊ ညီး ရရီးလည်း
သင်းသီးထို၌ များစွာတည့်။ ။ (ပိုဒ်-၃၇)
(ရှင်မဟာရဋ္ဌသာရ)
(ရှေးစာကဗျာများ) ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment