၁။ ရခိုင်လို မြေပုံသီး၊ ခရမ်းချဥ်သီးပါပဲ ဆရာ။
၂။ ကိုင်းခရမ်းချဥ်သီး
အဲလို ခရမ်းချဉ်သီးကို
တချို့က ကျားခြေရာသီးတဲ့။
တချို့က ဗမာကျားခြေရာသီးတဲ့။
မြို့အမည် နယ်အမည်တွေနဲ့ ခရမ်းချဉ်သီးတွေကိုလည်း မုံရွာ၊ ယော၊ မန္တလေး ကျားခြေရာသီးတဲ့။
ကိုင်းအကြောင်းကတော့ ခဏခဏ(ခဏခဏ) တင်ပြထားတယ်။ မှန်အောင် ရေးတတ် ခေါ်တတ်သူ ရှားတယ်။ ကိုင်းအဓိပ္ပါယ်ကို မသိဘဲ တယောက်ကကိုင်းတာကိုသာ လိုက်ကိုင်းနေကြသူတွေ။
ကျွန်တော်တို့တိုင်းပြည်မှာ ဘာမဆို စနစ်ထားတာ၊ မှတ်တမ်းမှတ်ရာထာတာ၊ သုတေသနလုပ်တာ ရှားတယ်။ တယောက်တမျိုး၊ တနယ်တမျိုး၊ တခါတမျိုး။ အဲလို စည်းစနစ်မရှိတာ မကောင်းပါ။
တချို့ကလည်း နာမည်နောက်သာလိုက်နေကြတယ်။ အနှစ်သာရနဲ့ အစစ်အမှန်ကို ခွဲခြားမသိကြသူတွေ။
ကိုင်းသီးဋီကာ https://burmese-spelling.blogspot.com/2024/11/blog-post_772.html
ပုံအတွက် ကျေးဇူး။
Dr. တင့်ဆွေ
Comments
Post a Comment