Skip to main content

မေ့ဘဝခဏဘယ်သူယူပါ့မယ်

(လွမ်းပါဘိ တယောက်တည်းရယ်)

ရေး - မောင်ဆွေနွယ်

ဆို - မာမာအေး

ဒီက ချစ်တာ သိရဲ့သား  နဲ့

သူမို့ ခွဲသွားရက်တယ်

သူ့အတွက်အလွမ်းပြေ

ပန်းတွေ တပွင့်ဆီခြွေကာ

မြေမှာစုထား ရရင်ကွယ်

ခုများဆို စကားဥပမာ ပြောလို့နှိုင်းမယ်

တောညိုမှိုင်းတဲ့

မောတို့တိုင်းရဲ့  ရှမ်းတောင်တန်းသဖွယ်

လွမ်းယောင်သန်းတဲ့

ပန်းတောင်တန်းတွေ ဖြစ်နေမယ်ထင်တယ်0

ဒီက ချစ်တာ သိရဲ့သား  နဲ့

သူမို့ ခွဲသွားရက်တယ်

သူ့အတွက်အလွမ်းပြေ

ပန်းတွေ တပွင့်ဆီခြွေကာ

မြေမှာစုထား ရရင်ကွယ်

ခုများဆို စကားဥပမာ ပြောလို့နှိုင်းမယ်

တောညိုမှိုင်းတဲ့

မောတို့တိုင်းရဲ့  ရှမ်းတောင်တန်းသဖွယ်

လွမ်းယောင်သန်းတဲ့

ပန်းတောင်တန်းတွေ ဖြစ်နေမယ်ထင်တယ်

လာလုငယ် လာလုငေး

ချစ်သူဝေးမ လေးမှာ

လေတပြေး လှိုင်းတရိုက်

အခိုက်အတန့်လေးတောင်

ခွဲမနေနိုင်ပါတယ်

သည်းရွှေဆိုင်ညှာဝယ်

ပူတယ်လေ ဆယ်နွေကဲ

ကျမျက်ရည်လည်း ချောင်းဖြစ်ရော့မယ်

သစ်ရွက်တွေလို

ကြွေချင်ရာကြွေ

နေချင်ရာနေလိုက်ချင်လည်း

မိန်းမသားဆိုတော့ အခက်ပါလားကွယ်

အိုကွယ် မေတ္တာတွေပျောက်သမျှအဆုံးဝယ်

သစ္စာရေသောက်ပြဦးမယ်

မိုးအဖုံး မြေအထဲ

သူ့ကိုပဲ အချစ်ဆုံးပေါ့ကွယ်

မုန်းလည်းမမုန်းတီးရက်တာ

နာလည်း မနာကျည်းရက်တာ

သိပါစေ ကြားပါစေတော့

အချစ်ဆုံး မုန်းသူရယ်

အိုကွယ် မေတ္တာတွေပျောက်သမျှအဆုံးဝယ်

သစ္စာရေသောက်ပြဦးမယ်

မိုးအဖုံး မြေအထဲ

သူ့ကိုပဲ အချစ်ဆုံးပါကွယ်

မုန်းလည်းမမုန်းတီးရက်တာ

နာလည်း မနာကျည်းရက်တာ

သိပါစေ ကြားပါစေတော့

အချစ်ဆုံး မုန်းသူရယ်

မုန်းသူရင်ထဲက

အချစ်ကိုမှ ကိုယ်ကလိုချင်တယ်

လစန္ဒာ ငွေစင်ပုလဲ

မြကန်သာ ရေပြင်ထဲ ရှိနိုးနှင့်ရယ်

ပိုက်ဆွဲယူသော

မိုက်မဲသူ တံငါသည်လိုပဲကွယ်

တ ကိုယ်တည်း အမိုက်ဒဏ် ရှိုက်သံဖုံး

ယူကြုံးမရနိုင်တယ်     

ကြင်ဖော်တွဲ သူတို့အလယ်

ကြင်ဖော်ကွဲ သူကလေးမျက်နှာငယ်

ပူဗျာနွယ် ဘဝအဆွေး

လူတကာလည် ခဏပေးလည်း

ယူမဲ့သူမရှိ ကူမဲ့သူမရှိ

ပန်းပါဘိ နွမ်းပါဘိ

လွမ်းပါဘိ တယောက်တည်းရယ်။   ။

https://www.youtube.com/watch?v=MTbDa-dsNfc

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ