Skip to main content

စိုး နဲ့ ဆိုး မှားရေးတဲ့မေးခွန်းတွေ နေ့တိုင်းဖတ်နေရ

ကွန်မင့်တခု -= လုမာဆိုးလို့ မှန် လုမာစိုးလို့ မှား အတာကိုဆိုလိုတာလား ဆရာတင့်ဆွေ

ပြန်စာ

'လုမာ' ဆိုတာ လူအမည်လား မသိ။ မြန်မာလူမျိုးအမည်တော့ မဟုတ်။

'အတာ' ဆိုတာက လူအမည်။ ယောက်ျားလေး၊ မိန်းကလေးတွေ အမည်ဖြစ်သည်။

အ, တာ ဆိုက လူရည်မလည်တာ။

'အဲတာ' နဲ့ 'အဲဒါ' ဆိုတာ တခုခုကို ညွှန်းပြောတာ။

အမှန်ခြစ် အမှားခြစ်တွေကို ပြင်လိုက်တယ်။ အမှန်ခြစ် အမှားခြစ်နဲ့ ရေးတာ၊ သင်တာတွေ တဝက်လောက်သာ မှန်တယ်။ လူအများစုကလည်း စာကိုမမှတ်။ ပုံနဲ့ သင်္ကေတလောက်သာ ကြည့်ကြတယ်။

1.       ကင်ဆာဝေဒနာက စိုး(ဆိုး) တယ်ဗျာ နာတာကိုက်တာတအားပဲ တစ်ခါတစ်နေ (တခါတလေ) ပါးစပ်ကပါ အသံထွက်တဲ့အထိအော်ငြီးရတာ အကိုက်ခဲပြောက်ဆေး(ပျောက်ဆေး) သောက်လည်း မထူးပါဘူး သေမယ်မှန်းသိပေမဲ့ဝေဒနာကိုတော့ မခံစားချင်းဘူး ဘာဆေးတွေသောက်ရမှာလဲဗျာ စိတ်တော်တော်ညစ်နေပြီ

2.       ကျွန်တော် ကောင်မလေး ဖြစ်နေတာလေးမေးခွင့်ပြုပါခင်ဗျ ခုသူဆိုးရိမ်နေတာက နေ့ခင်းဘက် အိပ်ပျော်ရင် ဖြစ်မှာကို အရမ်းဆိုးရိမ်နေပါတယ် အချိန်ရရင် ကျေးဇူးပြု၍ ဖြေပေးပါခင်ဗျ (စိုးရိမ်လို့ ရေးရ။ ရောဂါဆိုးသွားမှာကို စိုးရိမ်သည်။)

3.       စိုး(ဆိုး)နေပါပီ(ပါပြီ)

4.       ဆရာ သမီးကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေစဉ် feffrovit သွားသောက်မိတယ် ferrous fumarate ကြောင့် ကိုယ်ဝန်တယ်ပါ့မလားလို့ ဆိုးရိမ်မိတယ် (စိုးရိမ်လို့ရေးရတယ်။ ကိုယ်ဝန်တည်လို့ ရေးရ။)

5.       ဆရာရှင့် အသက် ၃၃ နှစ် ကိုယ်ဝန် ၃၇ ပတ် မြောက် မှာ နှာစီး ချောင်းစိုး (ဆိုး) ဖြစ်နေလို့ OG နဲ့ ပြန်ပြဖို့က ငါးရက်လောက် လိုပါသေးတယ် ဒီကြားထဲ အချွဲထပြီး ချောင်းစိုး(ဆိုး) သလိပ်ပျောက်အောင် ဘာလို နေထိုင်သင့်လည်းဆိုတာ အကြံပေးစေချင်ပါတယ် ညဘက်တွေ ချောင်းပိုစိုး(ဆိုး)လွန်းလို့ ကောင်းကောင်းအိပ်မရပါ ဘိုက်ထဲက ကလေးတွက် ထိခိုက်နိုင်လားလည်း သိချင်ပါတယ် ဆရာ ဖြေပေးပါအုံးရှင် ဆိုးရိမ်မိလို့ပါဆရာ ဖြေပေးပါလားဗျ။ (စိုးရိမ်လို့ ရေးရတယ်။)

6.       ဆရာရေးသလိုဆို အရမ်းကြီးတော့ ဆိုးရိမ်စရာမရှိနိုင်ဘူး သူက အကျိတ်လိုတော့ ဖြစ်မနေဘူး (စိုးရိမ်လို့ ရေးရတယ်။ ဆိုးသွားမှာကို စိုးရိမ်သည်။)

7.       ဆရာဝန်ကို မေးတာတော့ မဟုတ်။ မေးရင်လည်း ဆေးဆိုင် ဆေးဈေး မသိပါ။ ကွန်မင့်ပေါင်း ၈၇  ခု ဖြေထားပါတယ်။ သူတပါးကို မှန်မှန်ကန်ကန်ကူညီတာ ကောင်းတယ်။

8.       ဆိုးနေလို့လို့ ရေးရတယ်။ (ပါပြီ) (ဖစ်) (တေ) (မာ) လို့ရေးတာတွေကတော့ ကင်ဆာနေရာရဲ့ မူပိုင်တွေ။

9.       ဆိုးပါနဲ့မေရယ် မိုးကြယ်မို့လား။ စိုး နဲ့ ဆိုး မှားနေတာ ဆိုးသည်။

10.  ဆိုးရိမ်မိလို့ပါဆရာ ဖြေပေးပါလားဗျ။ (စိုးရိမ်လို့ ရေးရတယ်။)

11.  ဆောရီး။ နာတာရှည်အရေပြားမှာဖြစ်တာ အရေပြားအထူးကုဆရာဝန်ပြသင့်။ လင့်တခု ပို့မယ်။

12.  ဒီဆေးအဖြေလေးကျေးဇူးပြုပြီးဖြေပေးကြပါလား ဆိုးရိမ်ရလားသိချင်လို့ပါ (ဆရာဝန်ကိုမေးတာ မဟုတ်။ ကျွန်တော့ကို မေးတာလည်း မဟုတ်။ သတ်ပုံတော့ ပြင်မယ်။ (ရောဂါဆိုးဝါးသွားမှာကို စိုးရိမ်သည်။)

13.  ဒီနေ့ဆို အဖေ အဆုတ်ကင်ဆာ ရောဂါစိုး(ဆိုး)ကြီးနဲ့ လူ့လောကထဲက ထွက်ခွာသွားတာ ၁ လ ပြည့်ခဲ့ပါပီ(ပါပြီ)

14.  ပိုဆိုးလာသည်လို့ ရေးရတယ်။

15.  ပဲပုတ်ရခိုင်သုပ် - ပဲပုတ်ကို ကြော်ပြီးအေးသွားမှကတ်ကြေးနဲ့ညှပ်ကြေမှာဆိုးလို့ပါ (စိုးလို့ပါလို့ ရေးရတယ်။ ပဲပုပ်လို့ ရေးရတယ်။)

16.  မတစ်ဘဲနေမှာဆိုးလို့ တစ်ခိုင်းတာပါ တဲ့။ (ဆိုး နဲ့ စိုး မှားနေတယ်။ ဆိုး နဲ့ စိုး၊ တက် နဲ့ တတ်၊ ပျောက် နဲ့ ပြောက်၊ အဲတာမျိုးက သတ်ပုံမတတ်လို့ မှားတာ။)

17.  မနက်က မနက်စာကို သွေးတိုးမှာဆိုး(စိုး)လို့ မြီးရှည်မစားပဲ နေကြရအောင်နော် မြီးရှည်မှာ ... ပဲငပိတွေ ပါတယ် ဆိုပြီး ညကြ(ကျ) ဝက်သားနဲ့ ပဲတီချဉ်ချက်စားကြတာတဲ့ - စိုး နဲ့ ဆိုး မှားနေသည်။ ရောဂါဆိုးသွားမှာကို စိုးရိမ်သည်။

18.  ရက်ပိုင်းအတွင်း ပိုးဆိုးပက်စက် စီးပွားပျက်စေမယ့် အကြောင်းတရား (၆) ပါး (ပိုးစိုးပက်စက် လို့ ရေးရတယ်။)

19.  လူတယောက်ကို စိတ်စိုး(ဆိုး)အောင်လုပ်လို့ရတယ် စိတ်နာအောင်တော့မလုပ်ပါနဲ့ (လူတယောက် မှန်။ စိတ်ဆိုးလို့ ရေးရ။ စိတ်ဆိုးနေသည်။ သွေးတက်မှာ စိုးရိမ်ရသည်။)

20.  ဝက်သားကို ညထဲကချက်ရင် နေကပြင်းတော့ သိုးမှာဆိုးလို့အာလူးနဲ့မရောဘဲ သရက်ချည်နဲ့ဘဲ ချက်လိုက်တော့တယ်  ပုဇွန်ခြောက် ငရုပ်သီးကြော်လေးနဲ့ဘဲ အာရုံဆွမ်းလောင်းလှူပါတော့မယ် (သိုးမှာစိုးလို့ လို့ရေးရ။ ရောဂါဆိုးသွားမှာစိုးတယ်။ စိုးရိမ်တယ်။ အရုဏ်ဆွမ်းလို့ ရေးရ။)

21.  အဖွားရင်သားက အကျိတ်ကိုခွဲထုတ်ပြီး အသားလုံးစစ်လိုက်တာ ရင်သားကင်ဆာလို့ပြောပါတယ် အဖွားကိုလည်း စိတ်ဓာတ်ကျသွားမှာဆိုးလို့ ကင်ဆာလို့မပြောရသေးဘူး (စိုးလို့ လို့ရေးရတယ်။ ရောဂါဆိုးသွားမှာကို စိုးရိမ်တယ်။)

22.  အဖေအခြေအနေက စိုး(ဆိုး)နေပါပီ(ပါပြီ) နေ့မအိပ် ညမအိပ် အော်နေရတာပါ။ မောဖင်း ပါတဲ့ဆေးက ၀ယ်လို့လဲ မရလို့ပါ ငြိမ်မဲ့ဆေး မျိုးလေး ဖစ်ဖစ်(ဖြစ်ဖြစ်) ပြန်မျှပေးကြပါ အဖေ ကသနား လွန်းလို့ပါ

23.  အမေက နဲနဲ ဝပါတယ် ဗိုက်ခေါက်အဆီနားက တနေရာမှာ အကြိတ်လိုပုံစံသေးသေးလေး ရှိနေပါတယ်ရှင့် ဆိုးရိမ်ရလား ဘယ်ဆရာဝန်နဲ့ပြရင်ကောင်းမလဲအကြံပေးကြပါအုံးရှင့် (စိုးရိမ်လို့ ရေးရတယ်။)

24.  အသက် ၂၃။ မ။ အရေပြားရောဂါ အသက် ၅နှစ်မှစ၍ဖြစ်သည်။ယခင်ကထက် ယခု ပိုစိုးလာသည်။ ဘယ်လို ဆေးဝါးမျိုး သုံးရမည်နည်း။ ဘယ်လိုဂရုစိုက်ရမည်နည်း။ ဘယ်လိုအရေပြားရောဂါဖြစ်သနည်း။ ဘယ်လိုကုသရမည်နည်း။

25.  အာလ်ထွာဆောင်ရိုက်ဘူးပါတယ်ဆရာ။ ဘာမှမဖြစ်ဘူးဆရာ။ ကျွန်မခလေးယူရင် ခလေးအတွက်ဖွံဖြိုးမူ့တွေလိုအပ်မှာ အရမ်းဆိုရိမ်လို့ပါဆရာ။ (စိုးရိမ်လို့ ရေးရတယ်။ ဖွံဖြိုးမူလို့ ရေးရတယ်။)

စိုး

ကြီးစိုးသည်

စာကို မှန်အောင်မရေးတတ်တာ စိုးရိမ်စရာ။

စိုးစံသည်

စိုးစဉ်းမျှမသိ

စိုးစဉ်းမျှမသိ

စိုးပါနဲ့မေရယ် မိုးကြယ်မို့လား။ သည်တောင်ကို မောင်ဖြိုပါ့မယ် မြင့်မိုရ်မို့လား။

စိုးမိုးသည်

စိုးရွံ့

စိုးရိမ်ကြောင့်ကြနေကြရသည်

စိုးရိမ်စိတ်

စိုးရိမ်ရေမှတ် မကျော်သေးပါ။

စိုးအုပ်

ညီမလေးရယ် စိုးရိမ်မိတယ်

ရောဂါဆိုးမှာ စိုးရိမ်သည်

အစိုးရ

အုပ်စိုးသူ

ဆိုး

စိတ်ဆိုးနေသည်

ဆိုးခနဲဆတ်ခနဲ

ဆိုးဆိုးဆတ်ဆတ်

ဆိုးဆိုးသွမ်းသော

ဆိုးတူကောင်းဖက်

ဆိုးတူကောင်းဖက် လက်တွဲနေထိုင်ပါ

ဆိုးမျိုးခံ

ဆိုးမျိုးခံခဲရတာ နှစ်ငါးဆယ်ရှိပြီ

ဆိုးယုတ်သော အာဏာရှင်စနစ်ကလွတ်မြောက်ပါစေ

ဆိုးရည် (သင်္ကန်း)

ဆိုးရွား (ဆိုးဝါး)

ဆိုးရွားသော အခြေအနေက လွန်မြောက်ပါစေ

ဆိုးလွန်းတဲ့အစိုးရလက်အောက်မှာ လူတွေ အစိုးမရဖြစ်ကြရမည်

ဆိုးဝါးသောရာသီဥတု

ဆိုးသွမ်းလူငယ်တွေ မဖြစ်ပါစေနဲ့

ဆေးဆိုးသည်

အလိုက်ကန်းဆိုး မသိသူတွေလည်း ရှိပါသည်။

တချို့က သတ်ပုံစာရေးရင် သိရက်နဲ့ ဖျက်ရေးတာလို့ ထင်ကြေးပေးတယ်။ မဟုတ်ပါ။ မှားရေးတာ ၉၀% လောက်က အမှန်အတိုင်းကို မသိကြတာ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ