Skip to main content

ပူး ဘူး ဗူး

၁။ ကွန်မင့်တခု = ပြင်ပေးတော့ပူး

ပူးလို့ရေးတာ မှားနေတယ်။ ပြင်မပေးတော့ဘူးလို့ ရေးရတယ်။ စုန်းပူး၊ နတ်ပူး၊ ပူးကပ်။

၂။ သူတို့ယဉ်ကျေးမှုအရ ကျားမဖြစ်ပွါးနုန်းမှာ မအရေတွက် မနည်းခဲ့ပူးဆိုရင် ခုလက်ရှိကာကွယ်ရေးစနစ် မှားလားမှန်လား သုံးသပ်နိုင်လိမ့်မယ်ထင်တယ်

ကျွန်တော့ကိုမေးတာ မဟုတ်လို့ ဖြေရန်မရှိပါ။ ပူးသတ်ပုံ မှားနေတာကိုသာ ထောက်ပြပါမယ်။ မနည်းခဲ့ဘူးဆိုရင်လို့ ရေးရတယ်။

၃။ Link ထဲကစာတွေက ဖတ်မရပါပူးဆရာ

ပူးလို့ရေးတာ မှားနေတယ်။ မရပါဘူးလို့ ရေးရတယ်။

လင်တရူးမို့ စုန်းပူးသည်လား (ကန်တော့)

ပူး

စုန်းပူး နတ်ပူး

ပူးကပ်

ပူးတွဲထားသည်

ပူးပူးကပ်ကပ်

ပူးယှက်

ပူးယှဉ်

ပူးလိုက် ခွါလိုက်

ပူးသတ္တဝါ

ပူးသတ်

ပူးပေါင်းကြံစည်

လက်ပူးလက်ကြပ်မိသည်

အမြွာပူး

ဘူး

၁။ မြန်မာအဘိဓာန် ၁၉၉၁ (မြန်မာစာအဖွဲ့)

ဘူးကွယ်

ဘူးခါး

ဘူးတောင်း (ဘူးသီးခြောက်)

ဘူးလည်သီးခတ် ကြိုးချည်နည်း

ဘူးလုံးနားမထွင်း

ဘူးသင်း (ကိုလိုနီဆန့်ကျင်ရေးအသင်း)

ဘူးသပိတ် (လည်တံမပါသော ဘူးသီး)

ဘူးသီး

မစားဘူး

ဘူး

၂။ ဦးသာမြတ် သတ်ပုံကျမ်း

နဘူးနွယ် (နဖူးနွယ်)

ဗူး

ဗူးဆို့

ဗူးတောင်း = ဗူးတို (တောင်း = တို)

ဗူးပင်

ဗူးသီး

မမြင်ဘူးပါ

မလာဘူး

မသွားဘူး

ရေဗူး

ရောက်ဘူးသည်

ဘူး (ကဝိဓဇသတ်ပုံကျမ်း)

ကြားဘူးနားဝ

နဘူးနွယ်ပင်

ဘုရားဖူးဘူးသည်

ဘူးကွယ်သည်

မကြားဘူး

မမြင်ဘူး

မရောက်လာဘူး 

မရောက်လာဘူး

ဗူး

ခံဗူးကုထုံး

ခံဗူးရွာ

ဗူးခါးရေ

ဗူးဆင်စွယ်

ဗူးဆို့

ဗူးညွန့်

ဗူးတလုံးဆောင် = ဗူးသီးတလုံးဆောင်

ဗူးတား

ဗူးတောင်း

ဗူးနွယ်

ဗူးပင်

ဗူးဘုရား

ဗူးမျော

ဗူးမှုတ်

ဗူးလုံးနားမထွင်း

ဗူးလေးရာ ဖရုံဆင့်

ဗူးသွင်း

ဗူးသွင်းသည်

ဗူးသီး

ဗူးသီးကြော်

ဗူးသီးငါးပေါင်းကြော် 

ဗူးသီးလည်ခတ်

ရေဗူး

လူဗူးတောင်း

ဝိပဿနာရှုနည်းကျမ်း (မဟာစည်ဆရာတော်ဘုရား) = ထို့ကြောင့် မြင်ဘူး၊ ကြားဘူး၊ နံဘူး၊ စားဘူး၊ တွေ့ထိဘူး၊ ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျက် နိစ္စ၊ သုခ၊ အတ္တဟု ထင်မြင်စွဲလမ်းမှုသည် ဖြစ်ပေါ်၏။

အရင်ရေးထာတာကို ထပ်ဖြည့်ပါမယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ခုနှစ်ထုတ်။

ဘူး = တားမြစ်ငြင်းပယ်ကြောင်းပြ ကြိယာနှင့်တွဲ၍ သုံးသောစကားလုံး။ (မရှိဘူး၊ မသွားဘူး၊ မလာဘူး စသည်။)

ဘူးကွယ် = မသိ၊ မဟုတ်၊ မမှန်၊ မပြု စသည်ဖြင့် ငြင်းဆိုသည်။

ဘူးခံ = ငြင်းပယ်စကားကို မလျှော့တမ်း အခိုင်အမာ ဆိုသည်။ တင်းမာစွာ ငြင်းပယ်နေသည်။

ဘူးမှုတ် = ဗူးမှုတ် - ကြိ၊ ရှု။

ဘူးလုံးနားမထွင်း = ဗူးလုံးနားမထွင်း (ကြိဝိ) = ရှင်းလင်းပြတ်သားခြင်းမရှိပဲ။ (မှတ်ရန် - မ နောက် ဘဲ မလိုက်ပါ။)

ကလေးဗူးမှုတ်တာကလွဲရင် ဘူး ဆိုတာ မမှန်ပါ။ ကလေူကသာ ဘူးမှုတ်တယ်။

ဒေါက်တာတင့်ဆွေ

Comments