ကသာမုန့်ညှင်းချဥ်၊အကြိုက်တူကြလား (ပုံအတွက် ကျေးဇူး)
အသံထွက်
မုန်ညင်း = မုန်ညင်း
မုန်ညင်းဆီ = မုန်ညင်းဇီ။
ညှင်းကို မစားရပါ။ အချဉ်မတည်ရပါ။
စာလုံးပေါင်းလွဲရင် လွဲတယ်။
အသံထွက်မှားရင် မှားတယ်။
- ဆောင်းရာသီစာ မုံ့ညှင်းပေါင်း (မုန်ညင်းလို့ ရေးရ)
- ဒီနှစ်တော့ ဆောင်းရာသီအတွက် ကြက်သွန်ဖြူတမြောင်းတော့ စတင်စိုက်ထားပြီးပါပြီ၊ နံနံပင်နဲ့ မုန့်ညှင်းစိမ်းအပင်တွေတော့ နောက်ရက်တွေကြ(ကျ)မှ ထပ်စိုက်ရပါအုံးမယ်။
- မုန်ညှင်း (မုန်ညင်း)ရွက် ချဉ်ရည်ဟင်းလေးပါ ခရမ်းချဉ်သီးတလုံး ကြက်သွန်တလုံး ကြက်သွန်ဖြူ ငပိအနည်းငယ် ဆား (တလုံးသတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း)
- မုန်ညှင်း (မုန်ညင်းလို့ ရေးရ)
- မုန်ညှင်းက အသံတောင် ပီလာပါပြီ။ (မဟုတ်ပါ။ မုန်ညင်းအသံထွက် = မုန်ညင်း)
- မုန်ညှင်းကြော်ဟင်း #cooking #xincooking ... (မုန်ညင်းလို့ ရေးရ)
- မုန်ညှင်းချည် (မုန်ညင်းချဉ်၊ မုန်ညင်းပေါင်းလို့ ရေးရ)
- မုန်ညှင်းစော ချက်နည်း | Shan ... (မုန်ညင်းလို့ ရေးရ)
- မုန်ညှင်းဖူးပေါင်း - Steamed Mustard ... (မုန်ညင်းလို့ ရေးရ)
- ရှမ်းပြည်ရဲ့ ဆောင်းရာသီစာ မုန့်ညှင်း(မုန်ညင်း)ပေါင်း
- ဟင်းစုံပေါင်းလေး ပေါင်းထားတယ် မျှစ် ပဲသီး မုံ့ညှင်းဖူး (မုန်ညင်းလို့ ရေးရ)
ညှင်း ဆိုတာ အရေပြားပေါ်မှာ အဖြူကွက်လေးတွေပေါက်တဲ့ ရောဂါအမည်ဖြစ်တယ်။ ညှင်းကို မစားရပါ။ အချဉ်မတည်ရပါ။
စာလုံးပေါင်းလွဲရင် လွဲတယ်။ အသံထွက်မှားရင် မှားတယ်။
မုန်ညင်းဆီအသံထွက် = မုန်ညင်းဇီ။
မုန်ညင်းအချို
မုန်ညင်းအခါး
မုန်ညှင်းဖြူ
မုန်ညင်းစိမ်း
မုန်ညင်းထုပ်
တရုတ်မုန်ညင်း
မုန့်ညှင်းရွက်ကြော်
မုန်ညင်ဆီ
မုန်ညင်းပင်
မုန်ညင်းချဉ်
အိုးမုန်ညင်း(သို့မဟုတ်) ရေမုန်ညင်း
မုန်ညင်းခင်း
ကျွန်တော်တို့တိုင်းပြည်မှာ မှန်တိုင်းလည်း အလုပ်မဖြစ်တာတွေ များလာနေတယ်။
ဝယ်တဲ့သူတွေကလည်း "ညှင်းနဲ့တူတဲ့မုန့်" ဆိုမှ ကြိုက်ကြလိမ့်မယ်။
သတ်ပုံအများဆုံးပြင်ရတဲ့ အစားအစာများ https://burmese-spelling.blogspot.com/2025/04/blog-post_428.html
ကိုက်လန် နှင့် မုန်ညင်း https://burmese-spelling.blogspot.com/2024/11/blog-post_519.html
mustard leaves recipe northeast india style
ဒေါက်တာတင့်ဆွေ


Comments
Post a Comment