ပညာရေးဝန်ကြီးဌာနထုတ် ကျောင်းသုံးစာအုပ်တွေမှာ အမှားတွေကို မကြာခဏတွေ့ရတယ်။ အလျဉ်းသင့်တိုင်း အထောက်အထားတွေနဲ့ တင်ပြထားပါတယ်။ အမှားနောက်တခုကတော့ KG နှင့် Kg ဖြစ်ပါတယ်။
KG ဆိုတာ သူငယ်တန်း။
Kg ဆိုတာ ကီလိုဂရမ်။
The abbreviation "kg" stands for kilogram, the base unit of mass in the International System of Units (SI). The word "kilogram" is a combination of the prefix "kilo-" (meaning one thousand) and the word "gram".
The abbreviation for kindergarten is "K" or "KG". "K" is the more informal abbreviation, while "KG" is slightly more formal.
၁။ မြန်မာကဗျာလက်ရွေးစင် ဒသမတန်း စာအုပ်ဖုံးမှာ ဒသမတန်းကတော့ မှန်ပါတယ်။
GRADE 11 မှားနေတယ်။
- ဒသမ ကို ၁၁ လိုလို အထင်မှားစေနိုင်တယ်။
- 11th Grade လို့ရေးမှသာ မှန်တယ်။
၂။ သမိုင်း
ဆဋ္ဌမတန်း
Grade -7 မှား နေတယ်။
7th Grade လို့ ရေးရတယ်။
သတ္တမ နဲ့ ဂဏန်း ၇ မတူပါ။ သတ္တမဆိုတာ ၇ ခုမြောက်။
အလွယ်တကူပြောဆိုကြပေမဲ့ ၇ တန်းဆိုတာ လူတွေဖြစ်ဖြစ် ပစ္စည်းတွေဖြစ်ဖြစ် အတန်းလိုက်စီထားတာ။ 'အဆင်ဘလီ' မှာ ကျောင်းသားတွေ အတန်းလိုက် ၇ တန်းစီထားတာမျိုး။
၃။ ပဉ္စမတန်း ပထဝီဝင် ဖတ်စာအုပ်မှာ မြောက်ယဉ်စွန်းတန်းကို အီကွေတာမျဉ်းလို့ပြထားတာ မှားနေတယ်။
၄။ သမိုင်း
ဆဋ္ဌမတန်း
စာမျက်နှာ ၂၉
အခန်း ၂။ ကမ္ဘာ့သမိုင်း
က။ ဂရိမြို့ပြနိုင်ငံ၏ ရှေးဦးယဉ်ကျေးမှုများ
(၁) ဂရိမြို့ပြနိုင်ငံထူထောင်ခြင်း
၂၀၀၀ ဘီစီခန့်တွင် ဂရိကျွန်းဆွယ်ကို အင်ဒိုဥရောပ (Indo European) အစ္စလာမ်နွယ်ဝင် ဂရိလူများတို့ ဝင်ရောက် အခြေချနေထိုင်ခဲ့ကြသည်။
မှတ်ချက် - အစ္စလာမ်ဘာသာက အေဒီ ၆၁၀ ရောက်မှသာ စတင်ပါတယ်။
One of the most commonly asked questions about the history of Islam is 'when did Islam begin? '. Its origins can be traced back to 610 A.D. which is when the Prophet Muhammad (PBUH) first saw the Angel Jibril and shared the words of Allah (SWT).
၅။ မြန်မာကဗျာလက်ရွေးစင် ဒသမတန်း၊ ၂၀၀၅-၂၀၀၆ ကျောင်းသုံးစာအုပ်၊ စာမျက်နှာ ၁၄-၁၅ မှာပါတဲ့ နွေဦးကာလ မြူထသောခါ ကဗျာကလည်း မူရင်းကဗျာပါစာလုံးပေါင်းသတ်ပုံတွေကို ပြင်ထားတယ်။ ပါမောက္ခဦးအေးမောင်ပြုစုတဲ့ ကဗျာ့ပန်းကုံးထဲက ထန်းတက်သမား (ဝန်ကြီးပဒေသရာဇာ) ထဲမှာ အမှန်အတိုင်း ပါတယ်။
၆။ ကျောင်းသုံးစာအုပ်မဟုတ်ပေမဲ့ အွန်လိုင်းမှာမကြာခဏတွေ့ရတဲ့ အစိမ်းရောင်နောက်ခံနဲ့ပုံထဲမှာ -
ဆဌမ မှားတယ်။ ဆဋ္ဌမ လို့ရေးရတယ်။
ဒဿမ မှားနေတယ်။ ဒသမ လို့ရေးရတယ်။
ဧကဒဿမ မှားနေတယ်။ ဧကဒသမ လို့ရေးရတယ်။
ဒွာဒဿမ မှားနေတယ်။ ဒွာဒသမ လို့ရေးရတယ်။
အစိုးရထုတ်မဟုတ်ဘဲ အပြင်ကနေထုတ်တာတွေမှာ ပိုမှားတယ်။
ဘ ဘကုန်း ဘာလို့တုံး https://burmese-spelling.blogspot.com/2024/10/blog-post_435.html
နိုင်ငံတော်အမှား https://burmese-spelling.blogspot.com/2023/05/blog-post_874.html
Equator Line အီကွေတာ နေရာပြောင်းပြီလော https://burmese-spelling.blogspot.com/2022/12/equator-line.html
အီကွေတာမျဉ်း https://burmese-spelling.blogspot.com/2024/06/blog-post_86.html
ကျောင်းသုံးစာအုပ်တွေကပြောသော နိုင်ငံရေး https://burmese-spelling.blogspot.com/2024/01/blog-post_608.html
International လို့ ရေးရ https://burmese-spelling.blogspot.com/2023/04/international.html
ကျောင်းသုံးစာအုပ်တွေ မှားနေတယ် https://burmese-spelling.blogspot.com/2024/06/blog-post_418.html
- ကျောင်းသူကျောင်းသားတွေ စာအမှန်တွေကိုသာ သင်ယူကြရပါစေသတည်း။
- ဆရာဆရာမတွေ စာအမှန်တွေကိုသာ သင်ပေးကြရပါစေသတည်း။
- တိုင်းပြည်မှာ အမှားတွေကြီးစိုး လွှမ်းမိုးမှုတွေ ကုန်ဆုံးပါစေသတည်း။
ဒေါက်တာတင့်ဆွေ




Comments
Post a Comment